19 C
Yangon

ပခုက္ကူ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားအားလုံး အစာငတ်ခံ ဆန္ဒပြနေ၊ အကျဉ်းသားများ ရိုက်နှက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်နေရကာ ထောင်ဆူပူမှုဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ပခုက္ကူ အကျဉ်းထောင်တွင် ထောင်တွင်းဖိနှိပ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားအားလုံး အစာငတ်ခံ ဆန္ဒပြနေပြီး အကျဉ်းသားများကို ဝန်ထမ်းများက ရိုက်နှက်နေပြီး ဒဏ်ရာရသူများ အသက်အန္တရာယ် စိုးရိမ်နေရ ကြောင်း အကျဉ်းထောင်သတင်းရပ်ကွက်များက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ပခုက္ကူအကျဥ်းထောင်တွင် လွတ်မြောက်ရေးအတွက်ကြိုးစားခဲ့သောအကျဥ်းသားများကို တိုက်ပိတ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာမကျွေးခြင်း၊ ရေမတိုက်ဘဲ ထားသဖြင့်ပခုက္ကူအကျဥ်းထောင်မှအကျဥ်းသားအားလုံး အောက်တိုဘာလ ၁၆ရက်နေ့ နံနက်ပိုင်းမှ အောက်တိုဘာလ ၁၉ ရက်နေ့အထိ အစာအငတ်ခံဆန္ဒပြနေကြကြောင်း သိရှိရသည်။

အကျဉ်းသာများကို နှိပ်စက် ညှဉ်းပန်းရာတွင် ပါဝင်သော အကျဉ်းဦးစီးဌာန ပခုက္ကူထောင် ဝန်ထမ်းများမှာ ဘိုဘိုမျိုးလှိုင်၊ ဇော်မျိုးထိုက်၊ လွင်မိုးဦး၊ ဝင်းနိုင်၊ စာရေးဝန်ထမ်း ဆရာရွှေ ၊ ဝေယံဦး ၊ ထိန်လင်း ၊ မူဝါး၊ တပ်သား ညီညီနိုင်စိုး၊ ဇင်မင်းထိုက်၊ ဟန်ဌေးဝင်း ၊ ဖြိုးကျော်၊ နေလင်း၊ ထက်ဖြိုးငြိမ်းအပါအဝင် ထောင်ဝန်ထမ်းအားလုံးပါဝင်ကြောင်း၊ ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာရရှိပြီး တိုက်ပိတ်ခံထားရသော အကျဉ်းသား ၅ ဦး အသက်သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။

“ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေ အခုလို ပြဿနာ တက်နေတာ အခု ၄ ရက်မြောက်နေ့ ဖြစ်နေတော့ အကျဉ်း သားတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်လာမိတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ ပခုက္ကူအကျဥ်းထောင်မှာ လွတ်မြောက်ရေးအတွက်ကြိုးစားခဲ့တဲ့ အကျဥ်းသား ၆ ဦးကို တိုက်ပိတ်၊ရိုက်နှက်၊အစာမကျွေး၊ရေမတိုက်၊ဆေးကုသ မပေးတာ တွေ ပစ်ထားတာတွေကြောင့် သေဖို့များတယ်။ အဲဒါကြောင့် တစ်ထောင်လုံး အကျဉ်းသားတွေ ဆန္ဒပြနေတာ” ဟု ထောင်သတင်းရပ်ကွက်က ပြောသည်။

ပခုက္ကူထောင်အတွင်း အောက်တိုဘာ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန်ထောင်ဆူပူမှုဖြစ်ပွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article