30.5 C
Yangon

အကြမ်းဖက် စစ်တပ်၏ ရိက္ခာနှင့် အရန်ဆန် အတွက် ဆန်အိတ်ပေါင်း တစ်သိန်းခွဲနီးပါး ကုမ္ပဏီ ၆၂ ခုက ပေးသွင်းကြမည်၊ စစ်တပ်ထံသို့ ဆန်အိတ် သွင်းကြမည့် ကုမ္ပဏီ ၆၂ ခု အမည်စာရင်း ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်၏ ရိက္ခာ၊ အရန်ဆန်အတွက် ကုမ္ပဏီပေါင်း ၆၂ ခုက ဆန်အိတ်ပေါင်း ၁၄၁၈၆၀ တင်သွင်းရမည်ဖြစ်ပြီး အဆိုပါ ဆန်အိတ်များကို အချိန်မီ ပေးသွင်းကြရန် မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်က ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ အွန်လိုင်းမီတင်တစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကုမ္ပဏီ ၆၂ ခုက စစ်တပ်ရိက္ခာနှင့် အရန်ဆန်များ ပေးသွင်းကြရန် သဘောတူညီကြကြောင်း သိရှိရသည်။

စစ်တပ်ရိက္ခာနှင့် အရန်ဆန်အတွက် ဆန်အိတ်ပေါင်း ၁၄၁၈၆၀ အိတ်ရေ တင်သွင်းရမည်ဖြစ်သော်လည်း ကုမ္ပဏီများက ဆန်အိတ် ၂၅၃၉၀ သာပေးသွင်းပြီး ဆန်အိတ်ပေါင်း ၁၁၆၄၇၀ ပေးသွင်းရန် ကျန်ရှိနေသဖြင့် အမြန်ဆုံးပေးသွင်းရန် မြန်မာနိုင်ငံဆန်းစပါး အဖွဲ့ချုပ်က ညွှန်ကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။

“စစ်တပ် ရိက္ခာ ဆန်အိတ်သွင်းကြတဲ့ကုမ္ပဏီတွေထဲမှာ ကုမ္ပဏီတော်တော်များများက လိုလိုလားလား သွင်းပေးနေကြတာ။ ဘယ်သူမှလည်း တာဝန်ပေးလို့မဟုတ်ဘူး။ အဲဒီလိုကုမ္ပဏီတွေလည်းများတယ်။ ကိုယ့်အကျိုးတစ်ခုတည်း ကြည့်ကြတာပေါ့” ဟု ဆန်စပါးအဖွဲ့ချုပ်နှင့်နီးစပ်သော သတင်းရပ်ကွက်က ပြောသည်။

စစ်တပ်ထံ ဆန်အိတ်သွင်းကြမည့်ကုမ္ပဏီ ၆၂ ခုစာရင်းနှင့် ဆန်အိတ်အရေအတွက်များ

၁ -Shwe Wah Yaung Agriculture Production Co.,Ltd ဆန်အိတ် ၄၂၁၄၀
၂-Ayeyar Hinthar Trading Co.,Ltd ဆန်အိတ် ၁၆၈၁၀
၃-Min Hla Agricultural Products Trading Special Rice Paddy ဆန်အိတ် ၁၁၄၀၀
၄-International Green Land Trading Co., Ltd ဆန်အိတ် ၇၃၂၀
၅- Thamadi Family Trading Co., Ltd ဆန်အိတ် ၇၆၅၂
၆- Paungde Shwe Myay Co., Ltd ဆန်အိတ် ၆၃၇၆
၇- Good Brothers’ Co.,Ltd ဆန်အိတ် ၅၅၈၄
၈-Shan State (Northern) Rice and Paddy Development ဆန်အိတ် ၃၉၈၀
၉-Shwe Wah Nadi Agriculture Production Co., Ltd ဆန်အိတ် ၄၈၃၂
၁၀-Wilmar Myanmar Rice Land Limited ဆန်အိတ် ၃၄၄၄
၁၁- Bhome Yaung Chi Co.,Ltd ဆန်အိတ်၁၆၀၄
၁၂- Golden Composure Co.,Ltd ဆန်အိတ်၁၆၂၄
၁၃-Myanmar Agribusiness Public Co.,Ltd ဆန်အိတ် ၂၄၄၆
၁၄-Swan Htet Myat Co.,Ltd ဆန်အိတ် ၄၂၄
၁၅ -Heyday Energy Trading Co., Ltd ဆန်အိတ် ၁၆၆၈
၁၆-Shwe Ma Naw Myay Trading Co.,Ltd ဆန်အိတ် ၁၃၄၄
၁၇-Wakhema Trading Co.,Ltd ဆန်အိတ် ၁၆၄၂
၁၈- Namoland Co.,Ltd ဆန်အိတ် ၁၀၁၄
၁၉-Myat Myittar Mon Agricultural Co.,Ltd ဆန်အိတ် ၁၃၇၂
၂၀-Royal Dragon Alliance Trading Co.,Ltd ဆန်အိတ် ၁၅၈၂
၂၁-Golden Circle Co.,Ltd ဆန်အိတ် ၈၉၂
၂၂-Shwe Khewade Co.,Ltd ဆန်အိတ် ၈၆၆
၂၃-Heyday Agricultural Trading Co.,Ltd ဆန်အိတ် ၅၁၂
၂၄-Gold Delta Co., Ltd ဆန်အိတ် ၉၈၀
၂၅-Shwe Latt Ein Tridng Co.,Ltd ဆန်အိတ် ၁၃၄၆
၂၆-First Rice & Paddy Trading Co., Ltd ဆန်အိတ် ၅၄၀
၂၇-Green Indo Myanmar Co.,Ltd ဆန်အိတ် ၇၄၂
၂၈-Ayeyar Prince Traidng Co.,Ltd ဆန်အိတ် ၁၁၇၀
၂၉-Htoo San Linn Let Trading Co.,Ltd ဆန်အိတ် ၉၃၆
၃၀-Myanmar Shwe Ayeyar Agriculture Development ဆန်အိတ် ၉၁၄
၃၁-Taunggyi Grain Co.,Ltd ဆန်အိတ် ၈၇၆
၃၂-Lan Thit Aung Trading Co.,Ltd ဆန်အိတ် ၂၈၆
၃၃-Ananda Steel Co.,Ltd ဆန်အိတ် ၈၃၆
၃၄-P.M.H Precious Myanma Heart Co.,Ltd ဆန်အိတ် ၁၀၂၃
၃၅-Shu San Industry Co., Ltd ဆန်အိတ် ၃၉၀
၃၆- Golden Rice Co.,Ltd ဆန်အိတ် ၇၂၀
၃၇- Shwe Zar Chi Bogelay Rice & Paddy Co.,Ltd ဆန်အိတ် ၇၁၈
၃၈-Eternal Victory General Trading Co.,Ltd ဆန်အိတ် ၅၇၂
၃၉- Pahtama Group Co.,Ltd ဆန်အိတ် ၂၁၂
၄၀- Unity Mandalay Rie Trading Co., Ltd ဆန်အိတ် ၆၁၂
၄၁- Khit Like Co.,Ltd ဆန်အိတ် ၆၀၀
၄၂- Laser World Family Trading Co.,Ltd ဆန်အိတ် ၂၀၈
၄၃- Great Momentum International Trading Co.,Ltd ဆန်အိတ် ၁၈၆
၄၄- Excel International Trading Co.,Ltd ဆန်အိတ် ၃၀၆
၄၅- Royal Galaxy Star Co.,Ltd ဆန်အိတ် ၂၈၄
၄၆- The Perpetual Co.,Ltd ဆန်အိတ် ၂၈၂
၄၇-Trade Friends Trading Co.,Ltd ဆန်အိတ် ၂၇၈
၄၈-B.M.I Co.,Ltd ဆန်အိတ် ၂၂၈
၄၉- Mapco Golden Lace Co.,Ltd ဆန်အိတ် ၁၃၀
၅၀- Myanmar Moe Pyae Co.,Ltd ဆန်အိတ် ၁၃၀
၅၁-Paddy Star Co.,Ltd ဆန်အိတ် ၁၁၈
၅၂-United Agricultural Products Processing And Trading Co.,Ltd ဆန်အိတ် ၇၂
၅၃- X Y Trading Co.,Ltd ဆန်အိတ် ၇၂
၅၄- Asia Winner Industrial Co.,Ltd ဆန်အိတ် ၇၀
၅၅-MAYLP Agricultural Co.,Ltd ဆန်အိတ် ၆၈
၅၆- Mandalay Rice Development Co.,Ltd ဆန်အိတ် ၆၆
၅၇- Golden Mountain Co.,Ltd ဆန်အိတ် ၆၆
၅၈- Future Glory Co.,Ltd ဆန်အိတ် ၆၂
၅၉-Top Partner Co.,Ltd ဆန်အိတ် ၄၀
၆၀- Myanmar Rice Trading Co.,Ltd ဆန်အိတ် ၃၄
၆၁-Golden Lace Posco International Co., Ltd ဆန်အိတ် ၃၂
၆၂-Shwe Myanmar Strength Trading Co.,Ltd ဆန်အိတ် ၃၂

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article