ရန်ကုန်၊ အောက်တိုဘာ ၂၀
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲကို “သွေးစည်းညီညွတ်မှုဖြင့် ဘုံရန်သူကိုဦးတည်ကြ” စာတန်း ကိုင်ဆောင်ခဲ့ပြီး ဆားလင်းကြီးမြို့နယ် နွေဦးဆရာတော်မှလည်း သပိတ်စစ်ကြောင်းသို့
တော်လှန်ရေးနှင့် ပတ်သက်သည့် ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ဒီတော်လှန်ရေးဟာ ကြာရှည်လာသည်နှင့်အမျှ သွေးစည်းညီညွတ်မှုတွေ အရမ်းလိုအပ်ပါတယ်။ အာဏာရှင်ကို တော်လှန်ရင်းကနေ တချို့သောလူတွေ တချို့သောအဖွဲ့အစည်းတွေမှာ အာဏာရှင်ဆန်လာကြတဲ့အခါမျိုးတွေမြင်တွေ့နေရပါတယ်။ ဒီလိုသာ အာဏာရှင် ဆန်နေကြမယ်ဆိုရင် ဒီတော်လှန်ရေးဟာ ကြာသည်ထက်ကြာနေမှာ အမှန်ပါပဲ။ သည့်အတွက်ကြောင့် ကျနော်တို့သပိတ်စစ်ကြောင်းကနေပြီး ပြည်သူလူထုများ တော်လှန်ရေးအဖွဲ့အစည်းများ သွေးမကွဲစေရန် ရည်ရွယ်ချက်ဖြင့် “သွေးစည်းညီမှုဖြင့် ဘုံရန်သူကိုဦးတည်ကြ” စားသားနဲ့သပိတ်ထွက်ရှိခဲ့ကြခြင်းဖြစ်ပါတယ်” ဟု ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Photos – AungKhantZaw