By ရန်ကုန်ခေတ်သစ်
ကရင်နီပြည်နယ်၊ ရှားတောတွင် ရိက္ခာနှင့်လက်ခဲယမ်းလာပို့သည့် ထောက်ပို့စစ် ရဟတ်ယာဉ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာ စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ မြ၀တီနှင့်ကျိုက်တို့တွင်လည်း တိုက်ပွဲဖြစ်ပြီး စစ် သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ် ပြန်သည်။
ကျိုက်ထိုတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ပိန္နဲကုန်းကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုများအကြား ယမန်နေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Kyaikhto Revolution and Information Networkက ပြောသည်။
စစ်သား ၂ ဦးသေဆုံးပြီးနောက် နေ့ချင်းပြီး သင်္ဂြိုလ်ခဲ့ကြောင်း ၊ ယင်းနောက် စစ်တပ်က ရွာထဲရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများက နေအိမ် ၈ လုံး နှင့် ဆိုင်ကယ် ၃ စီး ထက်မနည်း မီးရှို့ခဲ့ကြပြီး တခြားအိမ် များကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း၊ အိမ်ရှိပစ္စည်းများကိုလည်း ရိုက်ခွဲ ဖျက်ဆီးကြခဲ့ကြောင်း၊ ရွာသား ၂ ဦး ပျောက်ဆုံးနေကြောင်း ၊ စစ်တပ်ကို တိုက်ခိုက်လျှင် တစ်ရွာလုံးမီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။
ရှားတောတွင် ထောက်ပို့ စစ်ရဟတ်ယာဉ်ကို ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံး
အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းအချိန် ကရင်နီပြည်နယ်၊ ရှားတောမြို့ထိုင် ဗျူဟာကုန်း နှင့် ခလရ ၄၂၈ တပ်ရင်းအတွက် ရိက္ခာနှင့် လက်နက်ပစ္စ ည်းများ လာရောက်ပို့ဆောင်ခဲ့သည့် Helicopter လေယာဥ် တစ်စီးကို KA နှင့် KNDF B17 က အနီးကပ်သွားရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၃ ဦး သေပြီး ၆ ဦး ဒဏ်ရာ ရခဲ့သည်ဟု ကရင်နီတပ်မတော်ဘက် သတင်းထုတ် ပြန် သည်။
ထိုသို့ စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ လက် နက်ကြီး ပစ်ခတ်သဖြင့် အသက် ၁၅ နှစ်ကလေး တစ်ဦး နှင့် အသက် ၅၀ ကျော် အရပ်သား တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီဗျူ ဟာမှူးက ရှားတောမြို့ပေါ် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံပြီး ပစ် ခတ်မှုများ ထပ်မံဖြစ်ပွားလျှင် ရှားတောတစ်မြို့လုံးပြာကျသွားမည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
မြ၀တီတွင် စစ်သား ၂ ဦးသေဆုံး
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ လူခို့ ညောင်ချောင်း နေရာကို ကျူးကျော် အခြေပြုရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီ တပ်များကု အတွဲလိုက် ဒုံးစနစ် MLRS ဖြင့် ယမန်နေ့အောက်တိုဘာ ၁၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ပူးပေါင်း တပ်ဖွဲ့များကို ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းများဖြင့် ပြန်လည် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များတွင် ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့ ပါဝင်ကြောင်း၊ ပူး ပေါင်း တပ်ဖွဲ့များ၏ ယမန်နေ့ ည တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ (၂၀၇) မှ (၂) ဦး သေဆုံးကြောင်း ကော်ဘရာက သတင်းထုတ် ပြန်သည်။
ဓာတ်ပုံ- ကျောက်ထုတွင် အဝေးကြည့်မှန်ပြောင်းဖြင့် မြင် တွေ့ရသည့် စစ်ရဟတ်ယာဉ်များ။