ရန်ကုန်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၄၅ မိနစ်တွင် ဇီးဖြူကုန်းကျေးရွာ အရှေ့ဘက်ရှိ ကန်ဘေး ညောင်ပင်အောက်တွင် ဝပ်ကျင်း ပြုလုပ်နေသော နေရာအား ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးထောင်ထားစဥ် စစ်သားနှင့် ပျူစောထီး ၄ ဦး ရောက်ရှိလာပြီး ဖောက်ခွဲ တိုက်ခိုက်ခံရကာ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိပြီး အလောင်းများကို ထော်လာဂျီဖြင့် တင်ဆောင်သွားကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို ဇေယျာသွေးကျားရိုင်း (LDF)၊ C&T SHWEBO(LDF)၊ BO BA TAW (LDF)၊ Shwe Bo . EYE FOR EYE (PDF)၊ MAGIC DRAGON SHWEBO (LDF)၊ မဟူရာ ရွှေဘိုသား (LDF)၊ ဗိုလ်မြင်းပျံ (LDF)၊ ShweBo Federal Army (SBFA)၊ Snake Eyes (LDF) ဗိုလ်ကျားရိုင်း ရွှေဘို(LDF)၊ Alpha 7 (LDF)၊ ဒေါင်းမာန် ရွှေဘို(LDF)၊ ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီဒေါင်း၊ ရွှေဘို စွန်ရဲ (LDF)၊ MDF – ShweBoနှင့် ရွှေဘိုမြို့နယ် တိုက်နယ် (၂)တပ်ပေါင်းစုရဲဘော်များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်း ဟားခါးမြို့ ကျော်ဘုတ် ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို CDF-Hakha Battalion-2 (ဆဲန်ထန်းတပ်ရင်း) တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုသည် အောက်တိုဘာ ၁၉ရက်နေ့က အကြမ်းဖက် စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဘွန်လုံးရွာ သူငယ်တန်း ကျောင်းသား ၂ ဦးအတွက် လက်စားချေ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း သေဆုံးသွားသော စစ်သားများ၏ အလောင်းများကို စစ်ကား ၁ စီးဖြင့် ယူဆောင်သွားကြောင်း Senthang Council က ထုတ်ပြန်ထားသည်။
Photo – CDF-Hakha Battalion-2 တပ်ဖွဲ့ဝင်များ