ရန်ကုန်၊ အောက်တိုဘာ ၂၂
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် “ဖိလေကြွလေ ရဲရဲနီတဲ့ အညာမြေ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
” ပြည်သူလူထု အနေနဲ့ တော်လှန်ရေးကို သွေဖယ်မသွားဘဲ ပူးပေါင်းပါဝင်ကြပါ။ မုဒိန်းစစ်တပ် မီးရှို့စစ်တပ် အညာမြေကိုဘယ်လောက်ပဲဖိနေပါစေ အညာမြေဟာ ဖိလေအဆပေါင်းများစွာကြွလေပါပဲ” ဟု ဆားလင်းကြီးမြို့နယ် နွေဦးဆရာတော်မှလည်း ဟောပြောခဲ့ကြောင်း သိရသည်။
Photos – AungKhantZaw