25 C
Yangon

မြောင်၊ ရွှေပေါက်ပင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၇ လုံးပြာကျ၊ ပြည်သူများ မော်တော်ဖြင့် ထွက်ပြေးစဥ် လက်နက်ကြီး ထိမှန် နစ်မြုပ်ပြီး ၅ ဦးပျောက်ဆုံးနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

​စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပေါက်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရွှေပေါက်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၇ လုံးပြာကျခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်း ရွာထဲဝင်လာ၍ မော်တော်ဖြင့် ထွက်ပြေးသော ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး မော်တော်ကို ထိမှန်ကာ နစ်မြုပ်သွားပြီး ပြည်သူ ၅ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

” ရွှေပေါက်ပင်ရွာကို စစ်ခွေးတွေ ဝင်ရောက် စီးနင်း မီးရှို့တာ နေအိမ် ၁၇ လုံး ပြာကျသွားတယ်။ စစ်ခွေးတွေ ရွာထဲက ထွက်ထွက်ချင်း မဟာမိတ်ဇာမဏီ ပကဖနဲ့ ဒေသခံ PDF တွေ ဝိုင်းဝန်း ငြိမ်းသတ်ပေးလို့ အရဲစွန့်ပြီး ဝင်ရောက် မီးငြိမ်းသတ်လို့ တစ်ရွာလုံး ပြာမကျ နေအိမ် ၁၇ လုံး မီးထဲပါသွားတယ်။ စစ်ခွေးတွေ ရွာထဲဝင်လာလို့ မော်တော်နဲ့ ထွက်ပြေးတဲ့ ပြည်သူတွေကို စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ မော်တော် နစ်မြုပ်သွားတယ်။ မိန်းကလေးတစ်ဦးပဲ ပြန်တွေ့တယ်။ ကျန်တဲ့ ငါးဦးကတော့ သေဖို့များတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article