ရန်ကုန်၊ အောက်တိုဘာ ၂၃
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် “ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
” စစ်ကောင်စီရဲ့ မတရားယုတ်မာမှုကြောင့် အကျဥ်းကျခံနေရတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာပါစေကြောင်း ပြည်သူတွေမှ ဆုတောင်းမေတ္တာပို့သလိုသည့်အတွက်ကြောင့်ဖြစ်ပါတယ်။ ထိုမျှသာမကပဲ နိုင်ငံရေးအကျဥ်းသားများအားလုံးကိုလည်း
ကျန်းမာဖို့ အားတင်းထားကြဖို့ ပြည်သူများမှ ဆန္ဒပြုပါတယ်” ဟု သပိတ် ကော်မတီဝင် တစ်ဦးကပြောဆိုသည်။
Photos – AungKhantZaw