27 C
Yangon

မိုးမောက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲရာ စစ်ကြောင်းပေါ် ကျရောက်ပြီး ကား ၄ စီးဖြင့် လူနာစစ်သားများကို ဗန်းမော် ၄ မိုင် စစ်ဆေးရုံသို့ ပို့ဆောင်ရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် KIA၊ PDF တပ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ စစ်တပ်အထိနာသွားသဖြင့် စစ်လေယာဉ်များက စစ်ကူ လာရောက်ပစ်ခတ်ပေးရာ စစ်တပ်စစ်ကြောင်းများပေါ်သို့ ဗုံးမှားကျဲမိ၍ စစ် သား အများအပြားဒဏ်ရာရရှိကြောင်း ကချင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ မိုးမောက်မြို့နယ်၊ ၀ဝမ်တောင်အရှေ့ဘက်တွင် စစ်ကောင်စီတပ်များနှင့် KIA၊ PDF တပ်များ တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်က အထိနာ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက် လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ကြောင်း၊ ထိုသို့ စစ်တပ် လေ ကြောင်း မှ တန်ပြန်တိုက်ခိုက်ရာတွင် စစ်တပ်စစ်ကြောင်းများကို ဗုံးများကျဲမိ၍ အများအပြားဒဏ်ရာရရှိကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

” သူတို့စစ်ကြောင်းပေါ် သူတို့ပစ်မိလို့ မအလစစ်ကြောင်းမှုး ထိခိုက်သွားပြီး မအလစစ်သား အများအပြား ဂန့်သွားပြီး ထိခိုက်ဒဏ်ရာရသူ အင်မတန်များပြားတယ်။ စစ်ခွေးကား လေးစီးဖြင့်် ဗန်းမော်ဘက်သို့ သယ်ယူခဲ့ကြတယ်။
အကြီး အကျယ် အထိနာသွားတဲ့ မအလတပ်က ရှက်ရမ်းရမ်းပြီး မိုးမောက်မြို့ထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ထည့်လို့ လူနေရပ်ကွက်ထဲ လက် နက် ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ စိုက်ခင်းတချို့ ပျက်စီးမှု ဖြစ်ခဲ့ပြီး ဝက်တကောင် သေဆုံးသွားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

မိုးမောက်ဒေသခံတစ်ဦးကလည်း စစ်ကား ၄ စီးဖြင့် ဗန်းမော် ၄ မိုင်စစ်ဆေးရုံသို့ စစ်သား လူနာများ အများအပြား ရောက်ရှိလာပြီး တချို့သေဆုံးသွားကြကြောင်း၊ အလောင်းများ လည်း သယ်ဆောင်လာကြောင်း အတည်ပြုပြောဆိုသည်။

“မိုးမောက်ဘက်မှာစစ်ကြောင်း ၃ ကြောင်းနဲ့ တိုက်နေတဲ့ စစ်ခွေးတပ်တွေက တပ်မ ၈၈၊ ၃၁၉ ရယ်၊ ၆၀၁ ရယ် ၄၃၇ရယ် ပါတယ်။ မနေ့ညစစ်ခွေးတွေအ များ ကြီး ဒဏ်ရာရလို့ ည၁၁ နာရီမှာ စစ်ကား၄စီးဖြင့် ဗန်းမော် ၄မိုင်စစ်ဆေးရုံကို တင်သွားတယ်။ နောက်တစ်ခုက စစ်တပ်ဖို့ အမိန့်မနာခံတဲ့ စစ်ဗိုလ်တစ်ဦး အဖမ်းခံထားရတယ်။ အသေ အပျောက်များလို့ သူတို့ အခုတိုက်ပွဲဖြစ်နေတဲ့ ဝဝမ်‌တောင်ခြေမှာ မြုပ်တာတွေလည်းရှိတယ်။ စစ်တပ်က အရမ်းအထိနာနေလို့ မနေ့ကရော ဒီနေ့ပါ လေယာဉ်နဲ့ ဗုံးကျဲနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ၊ PDF တပ်များအကြား တိုက် ပွဲများအကြီးအကျယ်ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်များ သေဆုံးမှု အလွန်များပြားနေကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က လူနေရပ်ကွက်များသို့ ရမ်းသမ်းပစ်ခတ်နေသည့် လက်နက်ကြီးကျည်များနှင့် သေဆုံးသွားသော ဝက်တစ်ကောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article