ရန်ကုန်၊ အောက်တိုဘာ ၂၆
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြ လှုပ်ရှားမှုတွင် သံဃာတော်များက “တစ်တ်ိုင်းပြည်လုံး ဒုက္ခရောက် အမှောင်ကြအောင် ယုတ်မာတဲ့စစ်တပ်ကို တစ်တိုင်းပြည်လုံးက ငြိမ်ခံမနေပဲတွန်းလှန်ပေးပါလို့မေတ္တာရပ်ခံပါတယ်” ဟု စာတန်းများ ကိုင်ဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။