38 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၆ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မွန်ပြည်နယ် ၊ သံဖြူဇရပ်-ရေး-လမ်းပိုင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကား ၁၉ စီးပါ ယာဥ်တန်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဟောင်သရောမြစ်ကမ်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းတစ်ခုကို KNLA ပူးပေါင်း တပ်ဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ – ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာ- နယ်စပ်၊ ရိခေါဒါရ်မြို့မှာ ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၊ စစ်ကောင်စီဘက်က ၅ ဦး သေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article