31 C
Yangon

ပုလဲမြို့နယ်တွင် ၃ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၃၀ ဦးထက်မနည်း သေဆုံး၊ PDF ရဲဘော် ၄ ဦးကျဆုံး၊ PDF များ ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ၃ ရက်တာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦး ထက်မနည်း သေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ်မှ ပုလဲမြို့နယ် ပကဖ ရုံးချုပ်ကို ရဟတ်ယာဥ် ၅ စီးဖြင့် ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများသည် အောက်တိုဘာလ ၂၇ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ၃၀ ကျော်ထက်မနည်း သေဆုံးပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဆုတ်ခွာသွားပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ပကဖ ရုံး၌ ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားပြီး သဲပြင်ကျယ်ရွာရှိ ပြည်သူပိုင် နေအိမ် ၆ လုံးနှင့်အတူ အမည်မသိ ရုပ်အလောင်းများကိုလည်း မီးရှို့သွားကြောင်း သိရသည်။

” မနက်ကတည်းက တိုက်ပွဲကဖြစ်နေတာ။ ဒီကောင်တွေ သဲပြင်ကျယ်ရွာကနေ အိုင်မရွာဘက်ကို စစ်ကြောင်းထပ်ထိုးချင်တာကို ကျွန်တော်တို့ဒေသခံ PDF အဖွဲ့ပေါင်းစုံ ခုခံပစ်ခတ်လိုက်တာ စခတွေ အကျဆုံးများသွားတယ်။ အဲလိုအကျဆုံးများတော့ ခွေးတွေ စစ်ကူထပ်ခေါ်တယ်။ နမခကနေ လေယာဉ်နဲ့ထပ်ပြီး အင်အားလာချတယ်။ အဲလိုလာချတဲ့ လေယာဉ်ကို မြေပြင်စစ်သား ၃၀ လောက်ချတဲ့နေရာကို ကျွန်တော်တို့အဖွဲ့တွေက RPG တွေ လားလားတွေနဲ့ တည့်တည့်ကို ပစ်ခတ်နိုင်ခဲ့တယ်။ တိုက်ပွဲနှစ်နေရာစလုံး စစ်ခွေးဘက်က အကျဆုံးများသွားတယ်။ စခအကျအဆုံး ၂၅ ဦးထက်မနည်းရှိလိမ့်မယ်။ ကျွန်တော်တို့ဘက်က လက်တလောအကျအဆုံး ၄ ဦးနဲ့ အထိအခိုက် ၂ ဦးရှိတယ်။ နောက်တစ်ခုက စစ်ခွေးတွေက မြို့နယ် ပကဖရုံမှာ ဖမ်းဆီးထားတဲ့ အကျဥ်းသား ၁၂ ဦးကိုလည်းသတ်သွားသေးတယ်။ သဲပြင်ကျယ်ရွာက နေအိမ် ၆ လုံးထဲ လူတွေထည့်ပြီး မီးရှို့သွားသေးတယ်။ အဲအလောင်းတွေကတော့ ဘယ်သူ၊ ဘယ်ဝါကတော့ အတည်ပြုချက်မရသေးဘူးလို့” ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်ဆောင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article