31 C
Yangon

ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံရဲစခန်းကို KNLA ပူးပေါင်းတပ်များက ၁၀ မိနစ်အတွင်း သိမ်းပိုက် ၊ ဖားကန့် ဗုံးကျဲမှုကို လက်တုံ့ ပြန်ခြင်းဖြစ်ပြီး လက်နက် ၁၄ လက်နှင့်ခဲယမ်းများ ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျိုက်ဒုံမြို့ နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာရရှိကြောင်း KNLA ပူးပေါင်းတပ် ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ည ၉ နာရီခွဲတွင် ကျိုက်ဒုံရဲစခန်းကို KNLA တပ်ရင်း ၁၈ နှင့် ဒေါနစစ်ကြောင်းတို့က တိုက်ခိုက်ရာ ၁၀ မိနစ်အတွင်း စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအပြီး၌ G3 ၆ လက်၊ G3 ကျည်ကတ် ၁၁ ခု၊ G4 ၁ လက်၊ အူဇီ ၂ လက်၊ ခြောက်လုံးပြုး ၄ လက်၊ ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ 7.62 ကျည် ၂၅၄၀ တောင့်၊ လက်ပစ်ဗုံး ၂၃ လုံး၊ ၆၀ မမ ဗုံးသီး ၂၃ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး၊ RPG ယမ်း ၃ တောင့်၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မိုင်းကြိုး ၂ ခွေ တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲတွင် KNLA ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုစာရင်းကို အတည်ပြု ထပ်မံထုတ်ပြန်မည်ဟု ဒေါနစစ်ကြောင်းကိ ဆိုသည်။

အဆိုပါ ကျိုက်ဒုံနယ်မြေရဲစခန်းသည် စစ်ကောင်စီ၏ ကျိုက်ဒုံ ဗျူဟာ တောင်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည်။

ကျိုက်ဒုံမြို့တွင် စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ ဗျူဟာနှင့် BGF တပ်ရင်းတစ်ရင်း အခြေစိုက်ထားသည်။

ယခုတိုက်ခိုက်မှုသည် KIO/KIA နယ်မြေအနန့်ပါ ဖြစ်စဉ်နှင့်တကွ နိုင်ငံတစ် ဝန်း စစ်ကောင်စီ၏တရားမဲ့လုပ်ရပ်များအပေါ် တုန့်ပြန်သောတိုက်ခိုက်မှုတစ်ခု‌ဖြစ် ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်သည်။

ဓာတ်ပုံ- ကျိုက်ဒုံရဲစခန်းမှ သိမ်းဆည်းရမိသော လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article