25 C
Yangon

တောင်ကိုရီးယားတွင် Halloween ပါတီ ပျော်ပွှဲရွှင်ပွဲတွင် လူအုပ်ပိပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရ၊ လူ ၅၀ နှလုံးရပ်ပြီး အနည်းဆုံး ၂၀ ကျော်သေဆုံးဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ယနေ့ ညကျင်းပသော Halloween ပါတီ ပျော်ပွှဲရွှင်ပွဲတွင် လူအုပ်ပိပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရသည့်အနက် လူ ၅၀ မှာ နှလုံးရပ်သွား၍ အရေးပေါ် ကုသမှု ပေးရကြောင်း၊ သေဆုံးမှုများ ရှိနေပြီး ၂၀ ကျော်သေဆုံးသည်ဟု သတင်းများက ဆိုသော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်း သိရှိရသည်။

တောင်ကိုရီးယားအာဏာပိုင်များက သေဆုံးမှု အရေအတွက်ကို အတိအကျ ကြေညာခြင်းမရှိသေးဘဲ တောင်ကိုရီးယားသတင်းများတွင်မူ သေဆုံးမှုများ ပြားကြောင်း၊ တချို့သတင်းဌာနများက လူ အနည်းဆုံး ၂၀ ကျော်သေဆုံးကြောင်း ဖော်ပြထားကြသည်။

ဆိုးလ်မြို့၏ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သည့် Itaewon တွင် Halloween ပါတီ ပျော်ပွှဲရွှင်ပွဲ လာရောက်သူ အလွန်များပြားပြီး လမ်းကျဉ်းတွင် လူများစုပြုံတိုးကာ လူအုပ်ပိ၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိတွင် တောင်ကိုရီးယားအစိုးရက နိုင်ငံတစ်ဝန်းမှ ကူညီကယ်ဆယ်ရေးသမား ၄၀၀ ကျော်ဖြင့် အရေးပေါ် ကုသပေးမှုများ လုပ်ဆောင်နေပြီး သေဆုံးသည့်အရေအတွက်မှာလည်း တိုးလာဖွယ်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article