ရန်ကုန်၊ အောက်တိုဘာ ၃၀
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် သံဃာတော်များက “မကောင်းတဲ့စစ်အုပ်စုကိုပယ် ကောင်းတဲ့ပြည်သူလူထုကိုကယ်လို၍ တော်လှန်ခြင်းသည် ဓမ္မတော်လှန်ရေးသာဖြစ်တယ်။ ရဲရဲတော်လှန်ကြ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။