26 C
Yangon

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရုံးထဲရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးဖောက်ခွဲ၊ မင်္ဂလာဒုံတွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်အတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးဖောက်ခွဲခဲ့ကြောင်း Mother Son Yangon Force တပ်ရင်း ၁ မှ ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရုံးအတွင်းရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ Mother Son Yangon Force တပ်ခွဲ(၁) နှင့် ANACONDA မဟာမိတ်ပျောက် ကျားအဖွဲ့တို့ ပူးပေါင်းပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Mother Son Yangon Force၊ တပ်ရင်း- ၁မှ ဗိုလ်နိုင် (ဦးစီးမှူး)က ပြောသည်။

“၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာတော့ ဗုံးကွဲသွားတယ်။ ထိခိုက်မှု ရှိ၊ မရှိတော့မသိပါဘူး။ စစ်ခွေးတွေတော့ ရောက်လာကြတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင်လည်း နိုဝင်ဘာလ ၁ ရက်နေ့ ည ၈ နာရီ ၄၃ မိနစ်အချိန်တွင် ဗုံးပေါက် ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲကာလ အမှတ် ၆၇ ရပ်ကွက်ရုံး။ (ပုံအဟောင်း ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article