28 C
Yangon

ရန်ကုန်တာမွေ၊ ကျိုက္ကဆံဝင်းရှိ စစ်တပ်ဂိတ်ကို ဗုံးခွဲတိုက်ခိုက်၊ ဗဟန်း၊ သာကေတ၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ အရှေ့ဒဂုံ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံတို့တွင် တစ်ပြိုင်နက်တည်း ဗုံးများကွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံဝင်းအတွင်းရှိ စစ်တပ်တပ်စွဲထားသော ဂိတ်ကို ယနေ့ ညပိုင်းတွင် အ‌ေးထိန်းဗုံးဖြင့် ဖောက်ခိုက်တိုက်ခိုက်ကြောင်း Yangon Special Guerrilla Force အထူးပျောက်ကျားတပ်ဖွဲ့-ရန်ကုန်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ည ၉ နာရီ ၅ မိနစ်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်သား ထိခိုက်မှု အခြေအနေကို မသိရှိရသေးဘဲ အဖွဲ့ဝင်များအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု YSGF အဖွဲ့မှ တာဝန်ခံ Black Panda က ပြောသည်။

“တာမွေမှာတော့ ဗုံးကွဲသံ ကြားလိုက်ရတယ်။ မနေ့ညကလည်း ကြားတယ်။ နေရာတော့ မသိဘူးခင်ဗျ။ ညဘက်ကြီးဆိုတော့ အသံက ဟိန်းနေတာပါပဲ။ ညတိုင်းဗုံးကွဲသံကြားရတယ်” ဟု တာမွေဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဗဟန်းမြိုနယ်၊ သာကေတမြို့နယ်၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် ယနေ့ ည ၉ နာရီမှ ည ၉ နာရီ ၁၀ မိနစ်အတွင်း ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ယနေ့ ည ၉ နာရီဝန်းကျင်အချိန် ဒဂုံမြိုသစ်အရှေ့ပိုင်းမြိုနယ်၊ စစ်ကောင်စီလက်အောက်ခံ YBPC ကုမ္ပဏီယာဉ်ရပ်နားကွင်း ဝင်ပေါက်ရှေ့တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ဓာတ်ပုံ- ညပိုင်း ရန်ကုန်မြို့တွင် စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article