28 C
Yangon

ကျောက်တော်တွင် စစ်ရေယာဉ်က ရမ်းသမ်း ပစ်ခတ်၍ တတိယတန်း ကျောင်း သား အသက် ၈ နှစ်အရွယ် မောင်အောင်မင်းနိုင် သေဆုံးပြီး ပြည်သူ ၇ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် သွား လာနေသည့် စစ်ကောင်စီ၏ စစ်ရေယာဥ် ၂စီးက လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ရွှေပြည်သစ်ကျေးရွာမှ တတိယတန်း ကျောင်းသား မောင်အောင်မင်းနိုင် သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ကုလားတန်မြစ်ကြောင်း တစ် လျှောက် သွားလာနေသည့် စစ်ကောင်စီ၏ ဇက်ရေယာဥ် ၂စီးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွှေပြည်သစ်ကျေးရွာသားများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ပထမ ဒဏ်ရာရတဲ့ ၃ ယောက်ကိုတော့ ကျနော်တို့ ကျောက်တော်ဆေးရုံကို ပို့လိုက်ပါပြီ။ အခု ဒဏ်ရာရတဲ့ ၃ ယောက်မှာ ကလေးငယ်တစ်ယောက်ကတော့ ဆုံးသွားပြီ။ ကျန်တဲ့ နှစ်ယောက်ကိုလည်း ကျနော်တို့ ဆေးရုံကိုပို့ဖို့လုပ်နေပါတယ်။ အဲဒီနှစ်ယောက်မှာလည်း တစ်ယောက်ကတော့ စိုးရိမ်ရပါတယ်” ဟု ပြောသည်။

သေဆုံးသွားသည့် တတိယတန်း ကျောင်းသား ကလေးငယ်မှာ မောင်အောင်မင်းနိုင် (ဦးနိုင်ဝင်းထွန်း၏သား) အသက် ၈ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူ နှစ်ဦးမှာ မနွယ်နွယ် အသက် ၂၂ နှစ်နှင့် မခိုင်ဇံမိုး အသက် ၁၁ နှစ်တို့ဖြစ်ကြသည်။

သေဆုံးသွားသည့် ကလေးငယ်၏ ဦးခေါင်းကို စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် သေးဆုံးသွားခြင်းဖြစ်သည်။

လက်နက်ကြီး ထိမှန်မှုကြောင့် ထပ်မံ ဒဏ်ရာရရှိသူ နှစ်ဦးထဲမှ မနွယ်နွယ်မှာ ခါးတွင်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရကြောင်းနှင့် မခိုင်ဇံမိုးမှာ လက်မောင်းတွင် ထိမှန်ခဲ့ကာ ဒဏ်ရာအခြေအနေaမှာ မစိုးရိမ်ရကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီ ဇက်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် ရွှေပြည်သစ်ရွာမှ ဦးမေတူ အသက် ၈၆ နှစ်၊ မမိုးမိုးနိုင် ၂၈ နှစ်၊ မမိုးမိုးနွယ် ၃၅ နှစ် ၊ ဦးနိုင်နိုင်ဦး ၃၅ နှစ်နှင့် မလေးနွယ် ၃၅ နှစ် တို့ ထိခိုက်ဒဏ်ရာရှိသွားသည်။

ထို့အပြင် နေ့လယ် ၁၂ နာရီအချိန်ခန့်ကလည်း ထပ်မံပစ်ခတ်မှုကြောင့် မနွယ်နွယ်နှင့် မခိုင်ဇံမိုးတို့မှာ ဒဏ်ရာရရှိသွားခဲ့ပြီး မောင်အောင်မင်းနိုင်မှာ သေဆုံးသွားခဲ့သည်။ ၄င်းအပြင် လူနေအိတ်တစ်ချို့လည်း ပျက်စီးသွားခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article