27 C
Yangon

မိုးကောင်းတွင် စစ်တပ် ခိုင်းစေမှုဖြင့် ခိုးဆိုးလုနှိက် လုပ်ကိုင်ပြီး ထောက်လှမ်းရေး လုပ်ဆောင်နေသူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် စစ်တပ် ခိုင်းစေမှုဖြင့် ခိုးဆိုးလုနှိက်ပြီး ထောက်လှမ်းရေး လုပ်ဆောင်နေသူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၆ မိနစ်တွင် မိုးကောင်းမြို့၌ ဗိုလ်ကြီးစိုးညွန့်နှင့် ရဲနယ်ထိန်း ဘငန့်တို့၏ ခိုင်းစေမှုဖြင့် ခိုးဆိုးလုနှိက် လုပ်ကိုင်ပြီး ထောက်လှမ်းရေး လုပ်ဆောင်နေသည့် တိုးမင်းအောင်နှင့် ဝင်းဇော်ဦး (ခ) ဖိုးစေ့ ရယ်ကိတို့ ၂ ဦးကို Kachin Region people Defence forceနှင့် UG black K အဖွဲ့တို့က ပူးပေါင်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“စစ်တပ်က ဗိုလ်ကြီးစိုးညွန့်နဲ့ နယ်ထိန်း ဘငန့် တို့ကလွှတ်ထားတဲ့ ခိုးဆိုးလုနှိက် လုပ်ပြီး ထောက်လှမ်းရေး လုပ်နေတဲ့ တိုးမင်းအောင်ရယ်။ ဝင်းဇော်ဦး (ခ) ဖိုးစေ့ ရယ်ကိတို့ကို ဒီနေ့ ၁ နာရီ ၁၆ မိနစ်မှာ Kachin Region people Defence forceနဲ့ UG black K အဖွဲ့က ပူးပေါင်း ဖမ်းဆီးရမိခဲ့ပါတယ်” ဟု UG Black K အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article