27 C
Yangon

မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာတွင် နေထိုင်သူ ဗိုလ်ကြီး အောင်နိုင်စိုး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ မြွေတလိုင်းကျေးရွာတွင်နေသော ဗိုလ်ကြီးအောင် နိုင်စိုး ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော ကြီးမြွေပွေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း တောကြီးမြွေပွေး ၊ ကောင်းကင်တော် လှန်ရေး အင်အား စု နှင့် ဒေါင်းစစ်သည် တို့က ဗိုလ်ကြီးအောင်နိုင်စိုးကို ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ဗိုလ်ကြီးအောင်နိုင်စိုးသည် ရခိုင်ပြည်နယ် အမ်းတပ်နယ်မှ ပြောင်းရွှေ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ စုဆောင်းရေးတပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ် ကြောင်း ၎င်းက ဆိုသည်။

“တောကြီးမြွေပြွေး ကောင်းကင်တော်လှန်ရေး အင်အားစုအဖွဲ့ တပ်ရင်း ၁၇ ဒေါင်းစစ်သည် အဖွဲ့ စုစုပေါင်း ၃ ဖွဲ့ ပူးပေါင်းရှင်းလင်းတာပါ။ သူရဲ့ အိမ် မြွေတလိုင်းကျေးရွာ အိမ်မှာဝင်ပစ်တာသေနတ် ၂ ချက်မှန်ပြီးမသေဘဲ ထွက်ပြေးလို့ဆိပ်ကမ်းနားမှာ မိပြီး ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ သူက မတ္တရာနဲ့ ဝက်လက် မြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေကို စစ်တပ်အတွက် စားနပ်ရိက္ခာကအစ မော်တော်တွေ ငှားရမ်းတာအထိသူက လုပ်ပေးနေတဲ့သူ။ သူက စု ဆောင်း ရေးတပ်မှာ ၃ ပွင့် ဗိုလ်လို့ သိရပါတယ်” ဟု တောကြီးမြေပွေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာနေထိုင်သူ ဗိုလ်ကြီးအောင်နိုင်စိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article