27 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခလရ၂၈၄ မှ တပ်သား ရဲနိုင်သွေး သေနတ် ၂ လက် ၊ လက်ပစ်ဗုံး ၃ လုံး အပါအဝင် လက်နက်ခဲယမ်းများဖြင့် CDM ဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခလရ၂၈၄ မှ တပ်သား ရဲနိုင်သွေးသည် သေနတ် ၂ လက် ၊ လက်ပစ်ဗုံး ၃ လုံး အပါအဝင် လက်နက်ခဲယမ်းများစွာဖြင့် CDM ဝင်ရောက် လာကြောင်း နဂါနီစစ်ကြောင်း တပ်ခွဲ ၂ ကတရား ဝင် သတင်းထုတ် ပြန်သည်။

နိုဝင်ဘာလ ၆ ရက်နေ့ တွင် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတပ်နယ် ဗျူဟာလက်အောက်ခံ ခလရ(၂၈၄)တွင် တာဝန်ထမ်းဆောင်နေသော တပ်သား ရဲနိုင်သွေးသည် နဂါးတောင်စခန်းမှ သေနတ်နှစ်လက် ဖြင့် CDMပြုလုပ် လာခဲ့ကြောင်း ၊ လက်နက်ခဲယမ်းများအနေဖြင့် MA 1 တစ်လက် ၊ MA 2တစ်လက် ၊ ကျည်ဘောက် ၄ ခု ၊ကျည် ၂၄၀ တောင့် ၊ လက်ပစ်ဗုံး ၃လုံး၊ အီနာဂါ ၄လုံး ၊ ၄၀မမ ၁လုံး၊ အီကွေ့မန့် ကျည်ကာအကျီ တစ်စုံဖြင့် KNLAတပ်ရင်း၁၇တပ်ခွဲ၂ နှင့် နဂါးနီစစ်ကြောင်း တပ်ခွဲ၂ထံ ပူးပေါင်းလာခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် သေနတ်တစ်လက်နှင့် CDM ပြု လုပ်လာသည့် စစ်သားများကို ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်မည်ဖြစ်ပြီး ဘ၀ရပ်တည်ရေးအတွက်ပါ ဆောင်ရွက်ပေးမည်ဖြစ်၍ အကြမ်းဖက်စစ်တပ် လက်အောက်မှ စစ်သားများ CDM ဝင်ကြရန် နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article