27 C
Yangon

ကရင်ပြည်နယ်တွင် တစ်လတာ တိုက်ပွဲအတွင်း စစ်တပ်နှင့် BGF ဘက်မှ ၃၆၉ ဦးသေဆုံးပြီး KNLA၊ KNDO ရဲဘော် ၆ ဦးကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလ တစ်လတာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်နှင့် BGF အဖွဲ့ဘက်မှ ၃၆၉ ဦးသေဆုံးခဲ့ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံးထံမှ သိရသည်။

အောက်တိုဘာလ ၁ လတာ အတွင်း ကော်သူးလေ အုပ်ချုပ်နယ်မြေများ အတွင်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ နေ့စဥ် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီး တိုက်ပွဲငယ်များ နေစဥ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကော်သူးလေ နယ်မြေတွင် အောက်တိုဘာလ ၁ လတာအတွင်း တိုက်ပွဲပေါင်း ၂၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်မှ ၃၆၉ ဦး သေဆုံးပြီး ၃၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ဘက်မှ ရဲဘော် ၆ ဦး ကျဆုံးပြီး ၄၆ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဘက်မှ တပ်သား ၄ ဦး လက်နက်အပြည့်အစုံနှင့် ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ CDM ပြုလုပ်ခဲ့ပြီး တပ်သား ၃၂ ဦးမှာ စစ်မြေပြင်တွင် လက်နက်ချ အဖမ်းခံခဲ့ကြောင်း၊ဟထို့ပြင် တပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စခန်းအတွင်းမှ တပ်သား ၂ ဦးလည်း မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့ပြီး နောက်ထပ် ၂ ဦးလည်း ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်မှ အသုံးပြုနေသည့် ယာဥ် ၁၈ စီးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့မှ ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ ကရင်အမျိုး သားလွတ် မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အား လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ် ချုပ် နယ်မြေအတွင်းရှိ ခရိုင်တပ်မဟာ (၆) ခုအတွင်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၈၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ၃၆၆၄ ဦး သေဆုံးပြီး ၂၇၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ၂၁၉၀ ဦး သေဆုံးပြီး ၂၀၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ပွားပြီးသည့် နောက်တွင် အကြမ်းဖက် စစ်တပ်များမှ တိုက်လေယာဥ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အား လေကြောင်းမှာ တိုက်ခိုက်မှု ၁၀၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

KNU−ကရင်အမျိုးသား အစည်းအရုံး ကော်သူး လေအုပ် ချုပ်နယ် မြေအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ရင်းပေါင်း ၅၀ ကျော်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၄) ရင်းတို့မှ ပူးပေါင်းပြီး နယ်မြေ စိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။

ကော်သူလေ အုပ်ချုပ်နယ်မြေ အတွင်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူလုထု ၃ သိန်းကျော်သည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၁ သိန်းကျော်သည် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article