27 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ မြွေတလိုင်းကျေးရွာမှာနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်ကြီးအောင်နိုင်စိုးဆိုသူဟာ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားတယ်လို့ တောကြီး-မြွေပွေး အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ – တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ၊ အခွန်လွတ်ဈေး အနီးမှာရှိတဲ့ လမ်းဆုံမှာ ကြံ့ဖွတ်ပါတီ လွှတ်တော်ကို ယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံသူ မင်းထွးဆိုသူဟာ ဒီကနေ့ နိုဝင်ဘာ လ ၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး သေသွားတယ်လို့ နီးစပ်သူတွေနဲ့ မျက်မြင်တွေ့သူ အချို့ဆီက နေ သိရပါတယ်။ -ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခလရ ၂၈၄ က တပ်သား ရဲနိုင်သွေးဆိုသူဟာ သေနတ် ၂ လက် ၊ လက်ပစ်ဗုံး ၃ လုံး အပါအဝင် လက်နက်ခဲယမ်းများစွာနဲ့ နိုဝင်ဘာ လ ၆ ရက်နေ့မှာ CDM ပြုလုပ်လာတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article