26.6 C
Yangon

မုံရွာ၊ အုတ်ဖိုနှင့် မြိုင်မြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပြီး ပျူစောထီးများနှင့် စစ်သား ၂၃ ဦးသေဆုံးကာ PDF ရဲဘော် ၆ ဦးကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ပဲခူးတိုင်း၊ အုတ်ဖိုနှင့် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပြီး ပျူစောထီးများနှင့် စစ်သား ၂၃ ဦးသေဆုံးကာ PDF ရဲဘော် ၆ ဦးကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

အုတ်ဖိုတွင် ပျူစောထီးခေါင်းဆောင် ကိုးချောင်းသန်းထွန်း သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ကိုးချောင်းသန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းစောက် ဆည်ဘောင်ပေါ်၌ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝိုင်း‌ကျေးရွာအုပ်စု ချောင်းစောက်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကိုးချောင်းသန်းထွန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးချောင်းသန်းထွန်းသည် အကြမ်းဖက် စစ်တပ်၏ သတင်းပေး ဒေါက်တိုင်ဖြစ်ကြောင်း၊ ပျူစောထီးခေါင်းဆောင်လည်း ဖြစ်ပြီး လက်နက် ကိုင်ဆောင်ထားကာ ပြည်သူလူထုအား ဒုက္ခပေးနေသူ တစ်ဦးဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

မြိုင်တွင် စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်တွင် သရက်ခွရွာတွင် တပ်စွဲထား သော ပျူစောထီးနှင့် စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ကိုအောင်ကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း PPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မုံရွာတွင် PDF ၆ ဦးကျဆုံးပြီး စစ်သား ၁၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မှ မုံရွာတောင်နယ်အခြမ်းတွင်ကို စစ်ကြောင်းထိုးနေသော အကြမ်း ဖက် စစ်တပ်သည် ထန်းလေးပင်ရွာတွင် အင်အား ၁၅၀ ကျော်ခန့်ဖြင့် တပ်စွဲထားစဥ် ကာကွယ်ရေး တပ်ဖွဲ့များက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့သို့ ပစ်ခတ် တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှလည်း စက် သေနတ်များ၊ လက်နက်ကြီး အချက်ရေ ၈၀ ကျော်၊ RPG အချက်ရေ ၂၀ ကျော်၊ ဓာတု လက်နက်ပါဝင်သော ဗုံးများ အပါအဝင် စစ်ကြောင်း ၃ ကြောင်းဖြင့် လက် နက် အင်အား သာလွန်စွာဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ စစ်ကြောင်းထိုးလာစဥ် ကာကွယ် ရေး ရဲဘော် ၂ ဦးဒဏ်ရာရပြီး ရဲဘော် ၂ ဦးကို အကြမ်းဖက် စစ်တပ် စစ်ဆေးမေးမြန်းခြင်း မပြုလုပ်ဘဲ ပစ်သတ်ခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း ကာကွယ်ရေး ရဲဘော် ၆ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) တပ် ရင်း – ၂၊ တပ်ရင်း – ၃၊ တပ်ရင်း – ၄ ၏ အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄၊ တပ်ခွဲ – ၄၊ 5/Teachers PDF၊ Springs Dove ၊ ရွှေညီအကို ပြောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Chindwin Attack Force က ထုတ်ပြန်ထားသည်။

Photo – လက်နက်ကိုင် ပျူစောထီး ကိုးချောင်းသန်းထွန်းကို ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်စဥ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article