27 C
Yangon

မုံရွာမြို့လယ်ခေါင်တွင် တန်ဆောင်တိုင်ည စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ခေါင်တွင် ယနေ့ နိုဝင်ဘာလ ၇ က်နေ့ တန် ဆောင်တိုင်ည စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြကြသည်။

မုံရွာမြို့ ၊ မြို့လယ်တနေရာတွင် စစ်ခွေးများလုံခြုံရေးအပြည့်ယူထားသည့်ကြား မှ “လုံးဝ အုပ်ချုပ်ခွင့်မရစေရ ငါတို့ မြို့ ငါတိုပိုင်တယ်” ၊ “ယနေ့ဘုရားပိတ် သည်”စာသားများဖြင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ဉီးဆောင်ကော်မတီဝင်များက ဉီးဆောင်ကာ မုံရွာတော်လှန်လူငယ်ကွန်ယက်၏ ပူးပေါင်းမှုဖြင့် ပျောက်ကျားသပိတ် ချီတက်ကြသည်။

“သပိတ်ထွက်ရတဲ့အကြောင်းရင်းကတော့ မြို့လယ်က ကန်သာယာမှာစစ်ခွေးတွေက သံဃာတော်များကို မတရားခြိမ်းခြောက်ပင့်ဆောင်ပြီး ဆွမ်းလောင်းပွဲ ပြုလုပ်နေသဖြင့် လူသတ်မီးရှို့ မုဒိန်းစစ်တပ်ကပြုလုပ်သည့် ပွဲကို အလိုမရှိကြောင်း၊ ငါတို့မြို့ ကိုငါတို့ပိုင်တယ် လုံးဝအုပ်ချုပ်ခွင့်ရစေရဘူးဆိုတာကိုပြသခြင်းဖြစ်ပါတယ်”ဟု ချင်းတွင်းမြစ် အနောက် ဘက်ကမ်းသပိတ်ကော်မတီဝင်တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article