26 C
Yangon

မြိုင်တွင် စစ်တပ်က ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ တလိုင်းအိုင်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း We love Myaing အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၉ နာရီခန့်တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်း ဝက်ပုတ်ရွာရှိ ပျူစောထီး စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ပြီးနောက် ဝက်ပုတ်ရွာ ပျူစခန်းမှ စစ်သားနှင့် ပျူစောထီးများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး မြိုင်မြို့နယ် အနောက်တောင်ပိုင်း ချောင်းဦးတိုရွာမှ နေအိမ်တစ်လုံးကို ထိမှန်ကာ အသက် ၆၀ အရွယ် ဦးကြီးရွှေကို ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ခဲ့သည့် ဦးကြီးရွှေ၏ အမျိုးသမီးဖြစ်သူ ဒေါ်စိန်ဆင့်သည် ခြေထောက် ပြတ်သွားပြီး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သရက်ကွရွာ (ပျူစောထီးရွာ) မှ စစ်သားနှင့် ပျူစောထီးများသည် ကံယာကောင်း ရွာသို့ သေနတ်များ ရမ်းသမ်း ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ပြည်သူများပိုင်သော ဆိုင်ကယ် ၅ စီး၊ ရွှေ ၁ကျပ်သား၊ ငွေကျပ် သိန်း ၁၀ ဝန်းကျင်နှင့် ဖုန်းတစ်လုံးတို့ကို ခိုးယူ လုယက်သွားကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တလိုင်းအိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူ ၅၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က တလိုင်းအိုင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူ ၅၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

” ရွာထဲက လူတွေ အခုထိကို ထွက်ပြေးနေရတယ် ။ ဒီနေ့နဲ့ဆို ၃ ရက်မြောက်ပြီး ရွာသားတွေ ရွာထဲ ပြန်ဝင်လို့မရသေးဘူး။ အခုရွာထဲမှ စစ်ခွေးတွေ ရှိနေတော့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ လူဦးရေ ၅၀၀ လောက်ရှိမယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော တလိုင်းအိုင်ရွာအား တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article