26 C
Yangon

ပုလောတွင် စစ်ကြောင်းနှင့် ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲခံရပြီး စစ်သား ၃၀ ဦး သေဆုံး၊ မန္တလေးတွင်လည်း စစ်တပ် တပ်စွဲထားသော နေရာ ၃ ခု ဖောက်ခွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပုလောမှ မြိတ်ဘက်သို့ ဦးတည်လာသည့် အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို မင်းထိန်ရွာအနီး မြိတ်ခရိုင် တပ်ရင်း(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) က မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီးအပြန်အလှန် ပစ်ခတ်မှု မိနစ် ၅၀ ခန့် ဖြစ်ပွားခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု အတွင်း စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့‌ ကာကွယ်‌ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မင်းထိန်ရွာအနီး စစ်ကား ၃ စီး ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့​ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပုလောမြို့နယ် ဘက်ကနေ မြိတ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကား ၃ စီးကို မင်းထိန်ရွာအနီးတွင် တောကြီးမြွေဟောက်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်စ သိရသည်။

အဆိုပါ စစ်ကား ၃ စီးကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂၀ ဦး ထက်မနည်းသေဆုံးကာ စစ်တပ်ကား ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယင်း မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ်ကားများသည် နံနက် ၆ နာရီခန့်က ခမောင်းတောရွာနှင့် မင်းထိန်ရွာ အကြားတွင် မြိတ်ခရိုင်တပ်ရင်း ၁ ၏ မိုင်းဆွဲတိုက်ခိုက်ခံရသော ခြေလျင်စစ်ကြောင်းမှ စစ်သားများသည် မင်းထိန်ရွာတွင် ကား​ပြောင်းစီးခဲ့ကြောင်း၊ ကားပြောင်းစီးပြီး ပြန်လည်ထွက်ခွာလာစဥ် မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာ အကြား၌ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတွင် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခု ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ၁၃၅ လမ်း ၆၀နှင့် ၆၁ ကြားရှိ စျ ရုံး၊ ၅၁နှင့် ၁၂၆ ကြားရှိ အကြမ်း ဖက် စစ်တပ် တပ်စွဲထားသော ၂၉ ကျောင်းနှင့် ၁၂၃နှင့် ၅၈ ကြားရှိ စ လုံးရုံး ဘန်ကာတို့ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လူထိခိုက် သေဆုံးမှုတော့မရှိဘူး။ စလုံးရုံး ဘန်ကာတော့ပွင့်ထွက်သွားတယ်။ စျ ရုံးကတော့ အပျော်ပါးသွားနေကြတဲ့လူတွေကြောင့် ဗုံးသီးက ရုံးအတွင်းထဲထိမထိလိုက်ရဘဲ ရေမြောင်းထဲသာပစ်ထားလိုက်ရတာ။ 29 ကျောင်းမှာတပ်စွဲထား တဲ့ ခွေးကင်းကိုပစ်တာကတော့ အနီးနား ဗုံးကျပေမယ့် အသီးerrorတတ်ပြီး မပေါက်ကွဲတဲ့အတွက် မထိရောက်ဘူး။ အပျော်ပါးမက်တဲ့လူတွေကြောင့် မစ်ရှင်အဆင်မပြေတာတွေရှိတယ်” ဟု မန္တလေး တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Pentagram၊ T.K.F၊ Anonymous Force Mandalay၊ နှင့် Mandalay UG အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ် တပ်စွဲထားသော ၂၉ ကျောင်းအား တိုက်ခိုက်မှု ဖြစ်စဥ်တွင် ဗုံး Error ဖြစ်သွားသည့် ပေါက်ကွဲမှု မဖြစ်ပွားခဲ့ဘဲ ထိခိုက်သေဆုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article