26.3 C
Yangon

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၃၀၀ ဝန်းကျင်ကို စစ်တပ်က ဖျက် ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅/၆၊ ၅၈၊ ရထားလမ်းဘေးနှင့် မြောင်းဘေးရှိ နေအိမ် ၃၀၀ ဝန်းကျင်ကို ယနေ့တွင် ကျူးကျော်ဟုဆိုကာ ယနေ့တွင် စစ်တပ်၊ ရဲနှင့် စည်ပင် ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“ရထားလမ်းဘေးရော မြောင်းဘေးရော ရပ်ကွက်တွေ အကုန်ဖျက်တာပဲ။ အဖျက်ခံရတာ အိမ်​ခြေ ၃၀၀ လောက်ရှိမယ်။ ဒီနေ့ ဖျက်နေကြတာ။ လာဖျက်တဲ့သူတွေက သေနတ်တွေနဲ့။ လုံခြုံရေးပေးပြီး ဖျက်ကြတာ။ လူတွေလည်း ငိုသူငိုပဲ။ ကမ္ဘာပျက်နေသလိုပါပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြားရှိ နေအိမ်ရာပေါင်းများစွာကို ကျူး ကျော်ဟုဆိုကာ စစ်တပ်က ချက်ချင်းဖျက်ခိုင်း သဖြင့် ပြည်သူ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article