ရန်ကုန်၊ နိုဝင်ဘာ ၁၆
လောင်းလုံးမြို့ပေါ်တွင် ကျောင်းသား၊ လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် “မတရားမှုကို ဆန့်ကျင်မယ်၊ အမှန်တရားအတွက် ခွပ်ဒေါင်းတွေ သေရဲတယ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“လူမဆန်စွာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေတင်မက မတရားမှုကို ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ ဆန့်ကျင်မှာဖြစ်တယ်။ စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုအောက်ကနေ တိုင်းပြည် လွတ်မြောက်ဖို့နဲ့ ကျွန်တော်တို့ ပြည်သူတွေ တရားမျှတမှုရဖို့အတွက်ဆို ကျွန်တော်တို့ အသက်ပေးတော်လှန်ဖို့ အသင့်ပါပဲ” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းရန် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်သားများ ရောက်ရှိလာသော်လည်း လှုပ်ရှားမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။