33 C
Yangon

ကောလင်းတွင် စစ်ကြောင်းများ ဝင်လာခြင်းကြောင့် ပြည်သူ ၄၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ၊ ဝက်လက်တွင်လည်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်တိုက်နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် ပြည်သူ ၄၅၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း Kawlin Revolution -IR အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကောလင်းမြို့အတွင်းမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်း ဖက် စစ်တပ် စစ်ကြောင်းသည် တောင်မော်တိုက်နယ် ညောင်ကိုင်းတောင်ရိုးတွင် တပ်စွဲထားပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် ကျေးရွာ ၇ ရွာမှ ပြည်သူ ၄၅၀၀ ခန့်သည့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် တံဇူး၊ မြေနီ၊ ညောင်ကိုင်း၊ လက်ပံခုံ၊တောင်မော်၊ ပုဇင်းတာ၊ ချဥ်ပစ်ခုံ ကျေးရွာများမှ ပြည်သူ ၄၅၀၀ ခန့်ကို ကောလင်း တော်လှန်ရေးအင်အားစုများက ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးနေရကြောင်း သိရသည်။

” ၁၆ ရက်နေ့မှာ ကောလင်းမြို့အတွင်းကနေပြီး ထွက်လာတဲ့ အင်အား ၇၀ ခန့်ပါတဲ့ စစ်ခွေး စစ်ကြောင်းက တောင်မော်တိုက်နယ် ညောင်ကိုင်း တောင်ရိုးတွင်ရှိနေတဲ့အတွက် အချိန်မရွေး စစ်ပွဲဖြစ်နိုင်တာကြောင့် ပြည်သူများကို ကောလင်း တော်လှန်ရေး အင်အားစုတွေက ဘေးကင်းရာသို့ရွှေ့ပြောင်း ပေးထားရပါတယ်။ အခုလက်ရှိ စစ်ရှောင်နေရတဲ့ ရွာတွေက တံဇူး၊ မြေနီ၊ ညောင်ကိုင်း၊ လက်ပံခုံ၊ တောင်မော်၊ ပုဇင်းတာနဲ့ ချဥ်ပစ်ခုံရွာတွေပါ။ စစ်ရှောင် ပြည်သူ ၄၅၀၀ လောက်ရှိတယ်။ ထပ်တိုးရွာတွေလည်း ရှိနေတယ်လို့သိရပါတယ်” ဟု Kawlin Revolution -IR အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံဘိုကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေဘိုမြို့နယ် မခေါက်ရွာ အနောက်ဘက် ကျွဲခြံနားမှ အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီးများက ထုံဘိုကုန်းရွာကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မခေါက်ရွာရှိ စစ်သားနှင့် ပျူစောထီးများသည် ထုံဘိုကုန်းရွာကို နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကျွဲ၊ နွားများ ထိခိုက်သေဆုံးမှုလည်း ရှိကြောင်း သိရသည်။

” မခေါက်ရွာဘက်မှာရှိတဲ့ စစ်ခွေးတွေနဲ့ ပျူတွေက လက်နက်ကြီး အထိုင်ချပြီ ထုံဘိုကုန်းကျေးရွာ ဘက်ကို လက်နက်ကြီး အချက်ရေ ၁၅ ချက်ထက်မနည်း ပစ်ခတ်နေတာပါ။ ပစ်ခတ်ချိန်က ညနေ ၄ နာရီမှ စပစ်တာပါ။ စစ်ခွေးတွေက ဒီတစ်ခါမကပါဘူး။ အရင်နေ့တွေကလည်း နေစဥ်နဲ့ အမျှ ပစ်နေတာ အရင်နေ့တွေက ပစ်ခတ်တုန်းက အိမ်မွေး တရိစ္ဆာန်တွေ နွားတွေ ပြည်သူတွေမှန်ပါတယ်။ တိုက်ပွဲမရှိပါဘူး နေ့တိုင်း ပစ်နေတာပါ”ဟု Wetlet Informational Network အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article