32 C
Yangon

မရမ်းကုန်း ၃ ရပ်ကွက် နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ ၃ ရက်အတွင်း စစ်တပ်၊စည် ပင်နှင့်ထွေ/အုပ်က ဖယ်ရှားခိုင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်း၊ မရမ်းကုန်း ၃ ရပ်ကွက်၊ ကံသာဇေယျုံလမ်းရှိ အိမ်ခြေ ၁၀၀ ကျော်ကို ကျူးကျော်ဟု ဆိုကာ နိုဝင်ဘာ ၁၆ ရက်နေ့မှ စ၍ ၃ ရက်အတွင်း ဖယ်ရှားပေးရန် အကြမ်းဖက်စစ်တပ်၊ စည်ပင်နှင့်ထွေ/အုပ်က အင်အားပြ လာရောက် ခြိမ်းခြောက်သွားကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရှိရသည်။

“အိမ်ရှင်အချို့ကို မေးတော့လည်း အိမ်တွေ မြေတွေက ကျူးကျော်ထားတာ မဟုတ်ပါဘူး။ စာချုပ်စာတမ်းတွေနဲ့ ၀ယထားကြတာပါ။ တချို့က အိမ်ငှားရှိသလို တချို့က ငွေအခက်အခဲကြောင့် ပေါင်ထားတဲ့ မြေတွေလည်း ရှိတယ်ဗျ။ ဘာမှ မေးမြန်းခွင့်မရှိဘဲ အရင်လက်မှတ်ထိုးခိုင်းတယ်။ ပြီးမှ ကျူးကျော်ပါဆိုတဲ့ စာရွက်စာတမ်းတွေပြတယ်။ ဘာလို့ ထိုးရမလဲမေးတော့ အထွန့်မတက်နဲ့ ဒီမှာ ကြည့်ဆိုပြီး သူတို့ စစ်အင်အားကိုပြတယ်ဗျ။ ပြီးတော့ အိမ်တိုင်းလည်း တစ်အိမ်တက် တစ်အိမ်ဆင်းအကုန်စစ်တယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များ လာပို့သည့် စာတွင် လိုက်နာခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၃ ရက်အတွင်းမဖယ်ရှားပါက အင်အားသုံး၍ နေအိမ်များကို ဖျက်ဆီးမည်ဖြစ်ကြောင်း ပြည်သူများကို တရားဝင်ပြောဆိုထားသည်။

မင်္ဂလာဒုံမြို့နယ်တွင်လည်း ရပ်ကွက် ၅ ခုမှ လူနေအိမ် ၁၀၀၀၀ နီးပါး ကို စစ်တပ်ပိုင်မြေကျူး ကျော်သည်ဟုဆိုကာ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းထားပြီး မဖယ်ရှားလျှင် အင်အားသုံး ဖျက်ဆီးမည်ဖြစ်ကြောင်း စစ်တပ်က တရားဝင် အမိန့်ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article