28 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး မစ္စတာရှောင်တာနယ် ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမင်း ၊ ဂျပန်ရုပ်ရှင်ဒါရိုက်တာ မစ္စတာToru Kubota ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ကို ပြန်လွှတ်ပေး၊ နိုင်ငံတကာ၏ ပြင်းထန် သော ဖိအားကို စစ်ကောင်စီ ရှောင်လွဲရန် ရည်ရွယ်ပုံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားသော ရှောင်လွဲနိုင်ရေး အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ် ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမင်း ၊ ဂျပန်ရုပ်ရှင်ဒါရိုက်တာ မစ္စတာToru Kubota ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယနေ့ နံနက်ပိုင်း အကျဉ်းသားများ လွှတ်ပေးလိုက်မှုကို မီဒီယာများသို့ ပြောဆိုရာတွင် ယင်းသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

ယနေ့ တွင် အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် အနုပညာရှင်တချို့ အပါအဝင် အကျဉ်းသား ၅၇၇၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာသည်။

ယနေ့ ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အကျဉ်းသား အမျိုးသားအမျိုးသမီး စုစုပေါင်း ၅၇၇၄ ဦးကို လွတ် ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား ၄ ဦးကိုလည်း ချက်ချင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုထားတဲ့အနုပညာရှင် ၁၁ ဦးကို အမှုများ ပိတ်သိမ်းလိုက်ပြီး အနုပညာရှင် အကျဉ်းသား ၂ဦးကိုလည်း လွှတ်ပေးလိုက်သည်ဟု သိရှိရသည်။

နိုင်ငံခြား သား ၄ ဦးကိုလည်း နိုင်ငံချင်း သံမတန်ဆက်ဆံရေးကိုထောက်ရှုပြီး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးသည်ဟု အကြမ်းဖက်စစ်ကောင်စီက ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံနှင့်နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားများကို ခံနေရချိန်လည်းဖြစ်ရာ အထင်ကရ ရှိသော နိုင်ငံခြားသား အကျဉ်းသားများကို လွှတ်ပေးမှုသည် နိုင်ငံတကာ၏ ဖိအားကို လျှော့ပါးရန် ဆောင်ရွက်မှုအဖြစ် နိုင်ငံရေးအသိုင်းအ၀ိုင်းက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article