ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၇)နှစ်ပြည့် မွေးနေ့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်းများစွာဖြင့် ကြိုတင် အလေးပြုအခမ်းအနားပြုလုပ်ခဲ့သည်။ကိုသူရအောင် အဖမ်းဆီးမခံရခင် နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် အဖမ်းဆီးအစစ်ဆေးများ များ ပြားနိုင်သောကြောင့် မန္တလေးသပိတ်အင်အားစုအဖွဲ့သားများက ကြိုတင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။မန္တလေးသပိတ်အင်အားစုက မြန်မာနိုင်ငံ ၏လွတ် လပ်ရေးဗိသုကာ၊အမျိုးသားအာဇာနည်ခေါင်းဆောင်၊တော်လှန်ရေးသမား၊ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၇)နှစ်ပြည့်အောက်မေ့ဖွယ်မွေးနေ့အခမ်းအနားကို အစီအစဉ် (၆)ရပ်ဖြင့် ကျင်းပခဲ့သည်။