26 C
Yangon

လားရှိုးတွင် ကိုးကန့်MNDAA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပြီး စစ် သား ၃၀ နီးပါးသေဆုံး၊ တနင်္သာရီနှင့်ပခုက္ကူတို့တွင် စစ်သား ၆ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ကိုးကန့် MNDAA နှင့် အကြမ်းဖက်စစ်တပ် တို့ အကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၃၀ နီးပါး သေဆုံး ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၄၆ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ နယ် တွင် စစ်တပ်နှင့် MNDAA ကိုးကန့်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း၊ မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင်လည်း လားရှိုးမြို့နယ်အတွင်း နှစ်ဖက် တိုက်ပွဲ များဖြစ် ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံတော်ရွာအနီးရှိ စစ်ကောင်စီ ၏ ခမရ ၅၆၁ တပ်ရင်းကို နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြိတ် ခရိုင်၊ တပ်ရင်း ၂ မှတပ်ခွဲ ၁ ၊ တနင်္သာရီ (ပကဖ)၊ မဟာမိတ် တပ်ပေါင်း စု စစ် ကြောင်း(၁) တို့အတူပူးပေါင်း တိုခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်သည်။

“ကျနော်တို့ဘက်က လက်နက်ကြီး/ငယ်တွေနဲ့ တပ်ရင်းကိုသွားပစ်တာပါ။ ကံမကောင်းစွာဖြင့် ကျနော်တို့ ပူးပေါင်းဖွဲ့ဘက်မှ ရဲဘော် ၂ ဦးလက်နက်ကြီး ကျ သေဆုံးသွားလို့ ပြန်လည်ဆုတ်ခွာလာခဲ့လိုက်တယ်”ဟု ဒေသ ကာကွယ် ရေးရဲ ဘော်က ပြောသည်။

စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး PDF ဘက်မှလည်း ၂ ဦး ကျဆုံးကြောင်း၊ မြိတ်ခရိုင်၊ တပ်ရင်း၂ မှ တပ်ခွဲ ၁ ၏ ဒုတပ် စိတ်မှူးနှင့်ဒုတပ် စိတ်မှူး လူတော် တို့ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း ၂ စီးကို မိုင်း ဖြင့် ယနေ့ ညနေပိုင်း ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း နဂါး ညီနောင် ပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ချိန် ပခုက္ကူမြို့၊ အရှေ့ချောက် ကန်ကျေးရွာဘက်သို့ စီးနင်းလာသော စစ်ကောင်စီ ယာဥ်တန်း ၂စီးကို နဂါး ညီနောင်ပျောက်ကြားအဖွဲ့ က အဝေးထိန်းမိုင်း ၄လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးမှာ ခြေတောက်နှင့် မျက်နှာ အပြင်း အထန် ထိသွားကြောင်း နဂါးညီနောင် ပျောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- ကိုးကန့်တပ်မတော် တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article