27 C
Yangon

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ် ဩစတြေးလျသို့ ရောက်ရှိပြီး မိသားစုထံ ခရီးဆက်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံ၏ ခေါင်းဆောင် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ် ဩစတြေးလျသို့ ရောက်ရှိသွားပြီဖြစ်ပြီး မိသားစုထံ ခရီးဆက်နေကြောင်း ဩစတြေးလျ လွှတ် တော် အမတ် Penny Wong က တွစ်တာလူမှုကွန်ရက်တွင် သတင်း ထုတ် ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့ ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ပြည် နှင် ဒဏ်ပေးလိုက်သော စီးပွားရေးအကြံပေး ရှောင်တာနယ်နှင့် စကား ပြော ခွင့် ရရှိခဲ့ကြောင်း၊ ရှောင်တာနယ် လွတ်မြောက်ရေး မနား မနေကြိုး ပမ်းခဲ့ သူများကို ကျေးဇူးတင်ကြောင်း ဩစတြေးလျ လွှတ်တော်အမတ် Penny Wong က တွစ်တာလူမှုကွန်ရက်တွင် ရေးသားထားသည်။

ပါမောက္ခ ရှောင်တာနယ်ကို အကြမ်းဖက် စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာ နိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) များဖြင့် တရား စွဲဆို ထောင်ဒဏ် များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ဩစတြေးလျနိုင်ငံသို့ ပြန်လည် ရောက်ရှိသွားပြီဖြစ်သည့် ပါမောက္ခ မစ္စတာ ရှောင်တာနယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article