32 C
Yangon

ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်လမ်း ရဲကင်းဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်၊ အင်းစိန်ရှိ ဦးပိုင်ကုမ္ပဏီရှေ့ နှင့်မြောက်ဒဂုံတို့တွင်လည်း ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ ရဲကင်းဂိတ်ကို War of Hunter Revolution Force (WOH) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ဗိုလ်တွတ်ပီက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီ ၄၇ မိနစ်တွင် ကြံခင်းစုရပ်ကွက်၊ လေဆိပ် လမ်းရှိ ရဲကင်းဂိတ်ကို အဝေးထိန်း ဗုံး ၁ လုံးဖြင့် WOH အဖွဲ့က ဖောက်ခွဲ တိုက် ခိုက်ခဲ့​ကြောင်း ၊အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထိခိုက်မှုရှိ မရှိကို အတည် မပြုနိုင်သေးဘဲ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ ကြောင်း ဗိုလ်တွတ်ပီက ဆိုသည်။

ထို့အတူ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် အင်းစိန် မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမပေါ် စစ်တပ်လက်အောက်ခံ ဦးပိုင် ကုမ္ပဏီ၏ ကားကြီးဝင်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Divine Ranger Forces ( DRF ) နှင့် United Resistance Force ( UGF )တို့က အတူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမြို့ပြပျောက်ကျားတပ်ဖွဲ့ ၏ပြောဆိုထုတ်ပြန်ချက်အရ သိရှိရသည်။

” ဒီနေ့ညနေပိုင်း ရန်ကုန် အင်းစိန် ဂျပန်လမ်း ဟွန်ဒိုင်း ကားပြခန်းနဲ့ ဦးပိုင်ကုမ္ပ ဏီ ရှေ့နားမှာဗုံးပေါက်ပါတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ အသံတော့ အရမ်း ကိုကျယ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ည ၇ နာရီ ၄၇ မိနစ်အချိန် မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အလွန်အသံကျယ်ကြောင်း၊ နေရာအတိအကျကိုမူ မသိရှိ ရသေး ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article