ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ချင်းပြည်နယ်အစပ်တွင် အင်အား ၃၀၀ကျော် ပါဝင်သော စစ်ကောင်စီ ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးကြောင်း PDF ပူးပေါင်းတပ်များက သတင်းထုတ်ပန်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ နံနက် (၆) နာရီ ခွဲ အချိန်ခန့်မှ စတင်ပြီး YDF – (Saw & Kyaukhtu ) ၊ PDF – (Saw) ၊ CDF – (Kanpetlet) ၊ CNA/CNF ၊ ပေါက် တောင်ပိုင်းပျောက်ကျားတပ်ဖွဲ့များနှင့် အကြမ်းဖက် စကစ တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ကြာချိန် တစ်နာရီ ခွဲ ခန့် ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်အင်အား (၃၀၀) ကျော် ၊ စစ်ယာဥ်တန်း (၁၆) စီးပါဝင်သော အကြမ်းဖက် စကစ စစ်ကြောင်းမှာ အထိနာ၍ ရှေ့မတိုးနိုင်ဘဲ ဖြစ်သွားကြောင်း၊ စစ်တပ်ဘက်မှ အနည်းဆုံး (၂၀) ဦးခန့် သေဆုံးကြောင်း YAW Defence FORCEက သတင်းထုတ်ပြန်သည်။