25.5 C
Yangon

အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန အတွင်းဝန်နှင့်အဖွဲ့ စစ်တပ်အထူး လေယာဉ် ဖြင့် နေပြည်တော်သို့ ခိုးကြောင်ခိုးဝှက် လျှို့ဝှက်လာရောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန အတွင်းဝန် Mr. Vinay Mohan Kwatra နှင့်အဖွဲ့သည် အိန္ဒိယစစ်တပ်အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ယနေ့ ခိုးကြောင်ခိုးဝှက် လျှို့ဝှက်လာရောက်ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရမှ အဆင့်မြင့်အရာရှိ ၁၀ ဦးပါသော အိန္ဒိယ ပြည်ပ ရေးရာ ဝန်ကြီး ဌာန အတွင်းဝန် Mr. Vinay Mohan Kwatra နှင့်အဖွဲ့သည် အိန္ဒိယလေတပ် (India Air Force) ပိုင် ဂျက်လေယာဉ်အသေးစား ERJ135 ၊ လေယာဥ်အမှတ် IFC 33 ဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှ နေပြည်တော် သို့ လာရောက် ကြောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ယင်းလေယာဉ်ဖြင့်ပင် နယူး ဒေလီသို့ ပြန်မည် ဖြစ်ကြောင်း ၊ ၁ ရက်ကြာ ခိုးကြောင်ခိုးဝှက် လျှို့ဝှက် လာ ရောက် ခြင်း ဖြစ် ကြောင်း သိရှိရသည်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အာဆီယံ နိုင်ငံ များက မြန်မာအကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းထားမှု၊ ပြည်သူများ ကို သတ်ဖြတ်နေမှုများကို အပြင်းအထန် ဖိအားပေးနေချိန် အိန္ဒိယက မြန်မာ အကြမ်း ဖက် စစ်တပ် ကို ခိုးကြောင်ခိုးဝှက် လျှို့ဝှက် ဆက်ဆံရေး ထူထောင် နေခြင်း ပင်ဖြစ် သည်ဟု နေပြည်တော်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ဓာတ်ပုံ- အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Mr. Vinay Mohan Kwatra ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article