27.5 C
Yangon

မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ဖျက်ခိုင်းနေသည့် ရပ်ကွက် ၅ ခုတွင် ဘုန်းကြီး ကျောင်း ၆၀ ခန့် ပါဝင်နေ၊ ဘိုးဘွားပိုင်မြေအဖြစ် တရားရုံးတွင် အနိုင်ဒီဂရီ ရရှိထားသော မြေများဖြစ်ပြီး ပြည်သူအများစုက အိမ်ဖျက်ပေးရန် ငြင်းဆန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟုဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ဘုန်းကြီးကျောင်း ၆၀ ခန့် ပါဝင်နေပြီး နိုဝင်ဘာလ ၂၂ ရက် နေ့ အပြီးဖျက်သိမ်းရန် စစ်တပ်က ထပ်မံ ခြိမ်းခြောက်လာကြောင်း ဒေသခံများ က ပြောသည်။

မူလက စစ်တပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ နေအိမ်များ ဖျက်သိမ်းရန် အမိန့် ထုတ်ခဲ့သော်လည်း ရပ်ကွက် ၅ ခုမှ ပြည်သူအများစုက ဖျက်သိမ်းပေးခြင်း မရှိဘဲ အခြေအနေကို စောင့်ကြည့်ကြကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့ စစ်တပ်က အပြီး ဖျက်သိမ်းပေးရန် ထပ်မံ ဖိအားပေးလာကြောင်း သိရှိရသည်။

“မြေက နှစ် ၂၀ လောက်ရှိပြီ။ ဘုန်းကြီးကျောင်းတွေဆိုတာလည်း အခိုင်အမာ ကြီးတွေ လှူဒါန်းသူတွေနဲ့ တည် ဆောက်ထားတာ။ အရင် စိုက်ပျိုးမြေတွေ၊ ဥယျာဉ် ခြံမြေတွေပါ ။ ပိုင်ရှင် မြေစလစ်တွေလည်းရှိတယ်။ အဲဒါ ပိုင်ရှင်တွေက လှူကြတော့ ဘုန်းကြီးကျောင်းတွေ သီလရှင်ကျောင်းတွေ ဆောက်ထားတာ ၆၀ လောက်ရှိမယ်။ အခု ဖျက်မယ်လို့ စစ်တပ်က ဖျက်ခိုင်းတဲ့အထဲမှာ ဘုန်း‌ကြီး ကျောင်း သီလရှင်ကျောင်းတွေ အကုန်ပါတယ်။ သံဃာတော်တွေကတော့ သံဃမဟာနာယက၊ မြို့နယ်၊ တိုင်း၊ ခရိုင်၊ ဗဟို အဆင့်ဆင့် တင်ပြနေကြတယ်။ စစ်တပ်က ဖျက်ဖို့ ဘက်ဟိုး ဘူဒိုဇာတွေ ပြင်နေကြပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီရပ်ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက်ရှိ အိမ်များကို ကျူးကျော်ဟုဆိုကာ နိုဝင်ဘာ ၂၂ ရက်နေ့ အပြီး အတင်း အဓမ္မဖျက်သိမ်းခိုင်းနေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

“အသံချဲ့စက်နဲ့ ဖျက်သိမ်းပေးဖို့ ကြေညာပါတယ်။ ဒီမြေတွေက ခရိုင်တရားရုံး မှာ အနိုင်ဒီဂရီ စာချုပ်ရထားပြီးသားပါ။ ၂၀၁၄ မှာ ကျူးကျော်အဖြစ် သတ်မှတ် ပြီး ဖျက်သိမ်းခဲ့သေးတယ်။ အဲလို ဖျက်သိမ်းတာကို ဘိုးဘွားပိုင်မြေဖြစ်တဲ့ ပြည်သူ တွေက ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်ပြီး ခရိုင်မှာ ပြန်နိုင်ခဲ့ပါတယ္။ အခု ပြောင်းပေးဖို့ ကြေညာတာကလည်း နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံး ထား ဖျက် သိမ်းပေးပါလို့အမိန့်ထုတ်တယ်” ဟု ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ ရပ်ကွက် ၅ ခုအတွင်း အိမ်ခြေပေါင်း သောင်းကျော်ရှိပြီး လူဦးရေ သောင်း ချီ မှီတင်းနေထိုင်ကြကြောင်း၊ ယခုကဲသို့ ဘိုးဘွားပိုင်မြေများကို ကျူး ကျော်များဟူ၍ အတင်းအဓမ္မဖျက်သိမ်းခိုင်းနေသည့်အတွက် ပြည်သူများ စိတ်ဆင်းရဲ ပူပင်နေရကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများကပြောပြသည်။

“အခု စာချုပ်စာတမ်းတင်တဲ့ လူတရားစွဲမယ်ပြောတယ်။ အရေးယူမယ် လို့လည်း ခြိမ်းခြောက်နေပါတယ်။ အိမ်ခြေက သောင်းကျော်ရှိမယ်။ ရပ်ကွက် ထဲက လူတွေက နေစရာမရှိ အိမ်ခြေမဲ့သွားတော့မှာ။ သူတို့က အမိန့်စာထုတ် ပြီး အတင်းဖျက်ခိုင်းနေတာ အကြောင်းပြချက်မပေးဘူး” ဟု ဖျက်သိမ်းရန် အတင်း အဓမ္မပြောဆိုခံရသည့် ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ ပြည်သူပိုင်နေအိမ်များကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်း၊ ဘူဒိုဇာနှင့် ထိုး၍ ဖျက်ဆီးခြင်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ဥပဒေမဲ့ အဆက်မပြတ် လုပ်ဆောင်လာ ခြင်းဖြစ် သည်။

ဓာတ်ပုံ- စစ်တပ်က ဖျက်သိမ်းခိုင်းနေသည့် စံသမာဓိရပ်ကွက်အတွင်းမှ အများ ပြည်သူ လှူဒါန်းထားသော ဘုန်းတော်ကြီးကျောင်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article