ရန်ကုန်၊ နိုဝင်ဘာ ၂၇
Young Phoenix အဖွဲ့မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖိနှိပ်ခံ ကျောင်းသားနှင့် ဖိနှိပ်ခံ လယ်သမားထုတို့ ပူးပေါင်းကာ “သာတူညီမျှတဲ့လောက ဖိနှိပ်ခံလူထုအားနဲ့တိုက်ယူကြ”၊ “ကယ်တင်ရှင်ဘယ်သောအခါမှမရှိ” စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။