ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆
နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ၊ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြ’ ကြွေးကြော်ပြီး ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက် မွန်းလွဲပိုင်းတွင် တော်လှန်တက်ကြွလူငယ် ကျောင်းသားများ က ရန်ကုန်မြို့တနေရာ၌ ချီတက်ဆန္ဒပြကြသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ပြည်သူလူထုအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ တွန်းလှန်ဖို၊ စစ်ရှောင်ပြည်သူတွေကို အခုထက်ပိုကူညီကြဖို၊ စစ်တပ်ရဲ့ ထောက်တိုင်ကို ချိုးဖျက်ထားတဲ့ CDM ဝန်ထမ်းများကို အခုထက်ပိုကူညီပေးကြဖိုနဲ့ နိုင်ငံဆိုတာလူထုအမိန့်ကို နာခံရတာမို လူထုရဲ့အားနဲ့ အမျိုးသမီးထုရဲ့အားနဲ့ နိုင်ငံသစ်ကို တည်ဆောက်ကြပါလို ကြွေးကြော်ကြသည်။
Women Alliance Burma ၊ Labour Alliance အဖွဲဝင် CTUM၊ လူငယ်များသမဂ္ဂ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)၊ LGBT Community Yangon ၊Revolution Force (RF) ၊ တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု နှင့် Youth Association of Thingangyun (YAT) တိုမှ ပူးပေါင်းဆန္ဒပြခဲ့ကြသည်။