ရန်ကုန်၊ ဒီဇင်ဘာ ၉
ဗြိတိသျှ ပါလီမန်နှင့် လန်ဒန်မြို့၏နာမည်ကျော် Marble Arch တွင် ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၏ ပုံရိပ်ကို ဒီဇင်ဘာ လ ၁၀ ရက် နေ့ ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် ပြသ ချိတ် ဆွဲ ထားကြောင်း Myanmar Accountability Project (MAP) က သတင်း ထုတ် ပြန်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့၏ နာမည် ကျော် Marble Arch တွင် ဦးဂျင်မီ၏ ပုံရိပ်ကို ချိတ်ဆွဲထွန်းညှိပြီး မြန်မာ့ အရေးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC သို့ လွှဲပြောင်းပေးရန် ဗြိတိန်နှင့် တခြားအစိုးရများကို MAP က တောင်းဆိုကြောင်း MAP ၏ဒါရိုက်တာ Chris Gunness က ပြောသည်။
“ICC တရားရုံးကို လွှဲပြောင်းရမယ့်ကိစ္စက အမြန်ဆုံးလုပ်ရမှာပါ။ မြန်မာပြည် သူ တွေအနေနဲ့ ဝေဟင်ကနေ ဗုံးကျဲတိုက်ခိုက်ခံရမှုတွေ နေ့စဉ်နီးပါး ခံနေရ ပါတယ်။ မြန်မာပြည်သူတွေကို ခွဲခြားမှုမရှိဘဲ ယူကရိန်းပြည်သူတွေအတွက် ဆောင် ရွက်သလို အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု Gunness က ပြော သည်။
MAP က ဦးဂျင်မီ၏ ပုံရိပ်ကို ဗြိတိန်ပါလီမန်များတွင်လည်း ချိတ်ဆွဲ မီးထွန်း ညှိ ထားသည်။ ဦးဂျင်မီ၏ ပုံရိပ်ကို ပုံဖော်ရာတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ၏ ဓာတ်ပုံများကို စုစည်း၍ ဦးဂျင်မီ၏ ဓာတ်ပုံကို ပုံဖော် ထားခြင်းဖြစ်ပြီး ပေါ်တူဂီပညာရှင် Paulo Andringaက ပုံဖော်ပေး ထားခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ Tom Andrews က နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးကို အရေးယူဆောင်ရွက် ပျက်ကွက်ခဲ့ ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က “နိုင်ငံတကာ တရားမျှတမှု ယန္တရား တွေဟာ မြန်မာ ပြည်သူ တွေ အတွက် တော့ အလုပ်ဖြစ်မနေပါဘူး။ ယူကရိန်းကို ရုရှားက ကျူးကျော်မှုဖြစ်ပွားပြီး ရက် ပိုင်း အတွင်း မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အထူးအစည်းအဝေး တွေ ကျင်းပ ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ၁၈ လကျော် စောင့်နေ ရပါ တယ်။ နောက်ပိုင်းမှာ အထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအ ဝေး ကျင်း ပခဲ့ပေမယ့် မြန်မာပြည်သူတွေကတော့ တရားမျှတမှုကို စောင့်နေရ ဆဲပါ ပဲ” ဟု ပြောသည်။