ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ မုံရွာမြို့ပေါ်ရှိ နာရီစင်နှင့် အကြမ်းဖက် စစ်ကောင်စီ၏ လမ်းလျှောက်ပွဲ ပြုလုပ်ကျင်းပသော နေရာဖြစ်သည့် ကန်သာယာ၌ “သူရဲကောင်း စိတ်ဓာတ်တွေ ကြိုးပေးလို့မသေ” စာတန်းနှင့် “ယုံကြည်ချက်ကို ကြိုးပေး၍မရ” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။