33 C
Yangon

နေပြည်တော်၊ ပျဉ်းမနား နန်းစိန်ကိတ်ဆိုင်တွင် အနီးတွင် ဗုံး ၂ လုံးပေါက်ကွဲ၊ မြ၀တီတွင်လည်း ထရန်စဖော်မာ ပေါက်ကွဲမှုဖြစ်ပေါ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ အခြေစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ နန်းစိန် ကိတ်ဆိုင်အနီးတွင် ယမန်နေ့ ညနေပိုင်း ဗုံး ၂ လုံး ပြင်းထန်စွာ ပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် နေပြည်တော် ၊ ပျဉ်းမနား မြို့ နန်းစိန်ကိတ်မုန့်ဆိုင်နှင့် သံလမ်းအကြားတွင် ဗုံး ၂ လုံး ပေါက်ကွဲပြီး မပေါက်ကွဲသေးသော ဗုံးများလည်း တွေ့ရှိရကြောင်း ပျဉ်းမနား ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“မနေ့က ညနေ ၆ နာရီ ဝန်းကျင်လောက်မှာ ပျဥ်းမနားမြို့ နန်းစိန်ဆိုင်နဲ့ သံလမ်းကြားမှာ ဗုံး ၂ လုံးပေါက်တယ်။ နေရာအတိ အကျဆိုရင်တော့ ပျဉ်းမနား နန်းစိန် ကိတ်မုန့်ဆိုင်နားပိုနီးတာပေါ့။ ဗုံးကွဲတာက ။ အသံက တော်တော်ကျယ်ပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း တွေ့တယ် ပြောတယ်” ဟု ပျဉ်မနားဒေသပြည်သူက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ​သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံရှိ ထရန်စဖော်မာ အကြီးတစ်လုံး ပေါက်ကွဲပျက်စီးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပေါ်သည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း၊ မီးသတ်က အတော်ကြာ မီးငြိမ်းသတ်ခဲ့ရကာ လက်ရှိတွင် မြ၀တီမြို့ လျှပ်စစ်မီးများ ပြတ်တောက်ပြီး လျှပ်စစ်မီးပြန်လည်ရရှိဖို့ ကာလ ရှည် ကြာနိုင်ကြောင်း သိရှိရသည်။

“ဗုံးကွဲတာလား၊ ထရန်စဖော်မာ ဒီအတိုင်းပေါက်တာလား အဲဒါကိုတော့ သေချာ မသိဘူး။ အခုတော့ မီးတွေပျက်နေတယ်။ အရင်ကလည်း လနဲ့ချီပြီး မီးပြတ် ခဲ့တာ။ ရေရှည်မီးပျက်ရင်တော့ မဲဆောက်ဘက်ကူးပြီး သွားနေဖို့ စဉ်းစား ထားတယ်” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံရှိ ထရန်စဖော်မာ အကြီးတစ်လုံး ပေါက်ကွဲမီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article