27 C
Yangon

NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် EU အတွင်းရေးမှူးတို့ တွေ့ဆုံပြီး စစ်ကောင်စီနှင့် ဆက်စပ် မိသားစုဝင်များကို ထိရောက်စွာအရေးယူရေး အပါအဝင် မြန်မာ့အရေး ဆွေးနွေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဥရောပသမဂ္ဂ(EU) အထွေထွေ အတွင်းရေးမှူး Mr. Stefano Sannino တို့ ဘယ်လ်ဂျီယံ နိုင်ငံ ၊ ဘရပ်ဆဲမြို့တွင် တွေ့ ဆုံ ဆွေးနွေးပြီး စစ်ကောင်စီနှင့်ဆက်စပ် မိ သားစု ဝင်များကို ထိရောက်စွာအရေးယူရေး ဆွေးနွေး ကြကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။

European Union(European External Affairs Service) ဥရောပသမဂ္ဂ(ဥရောပပြင်ပရေးရာ ဌာန) အထွေထွေအတွင်း ရေးမှုး ဖြစ်သူ Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံ ခြားရေး ဝန်ကြီးဌာန ၊ ပြည် ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ဘယ်လ် ဂျီယံနိုင်ငံ ၊ ဘရပ်ဆဲမြို့တွင် တွေ့ဆုံဆွေးနွေးကြကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံရာတွင် EU -ASEAN ဆွေးနွေးဘက် ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး ကြေညာချက်တွင် မြန်မာ့အရေး ကို မပျက်မကွက်ထည့်သွင်း ဖေါ်ပြခဲ့သည့်အတွက် ကျေး ဇူး တင်ကြောင်း ၊ ဥရောပသမဂ္ဂ အပါအဝင် မြန်မာ့အရေး မိတ်ဖက် ၊ ဆွေးနွေးဖက်နိုင်ငံများ ၊ အိမ်နီးနားချင်းနိုင်ငံများအကြား မည်ကဲ့ သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများရှာဖွေ သွား ရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ၄င်းတို့၏ ဆက်စပ်မိသား စုဝင်များကို စီးပွားရေးပိတ်ဆို့ အရေး ယူမှု အပါအဝင် ဥရောပသမဂ္ဂ၏ ကျင့်သုံးနေသည့် ဥပဒေ များ အတွင်းမှ ဆက် လက်၍ ထိ ရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖေါ်ထုတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စ ရပ်များ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေး ဆက်လက် ပူးပေါင်း ဆောင် ရွက်နိုင်မည့် ကိစ္စရပ်များ တွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း NUG ၏ သတင်း ထုတ် ပြန်ချက်အရ သိရှိရသည်။

အဆိုပါတွေ့ ဆုံ ဆွေးနွေးပွဲ သို့ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် Igor Driesmans နှင့် အာရှဒေသ စီမံခန့်ခွဲမှု ဒု-ညွန်ကြား ရေး မှူး အပါအဝင် တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article