29 C
Yangon

မင်းကင်းမြို့နယ်၊ ကြာပင်ရဲစခန်းနှင့် ဒလင်ဂေါဂိတ်တိုက်ခိုက်ခံရ၊ အရာတော်တွင် စစ်သားအချင်းချင်း ပစ်ခတ်ပြီး တစ်ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ကြာပင်ရဲစခန်းနှင့် ဒလင်ဂေါ စစ်ကောင်ဂိတ်တို့ တိုက်ခိုက်ခံရပြီး အရာတော်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား တပ်ကြပ်တစ်ဦးက တပ်သား ၁ ဦးပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတို်ငး၊ မင်းကင်းမြို့နယ်၊ ကြာပင်ရဲစခန်းနှင့် ဒလင်ဂေါအကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒီဇင် ဘာလ ၈ ရက် ည ၁၁ နာရီခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GTF) ထံမှ သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်က အနီးအနားရှိ ပြည်သူများကို လူသား ဒိုင်းအဖြစ် အသုံးပြုပြီး ပြန်လည်တိုက်ခိုက်သဖြင့် ပစ်ခတ်မှု ရပ်နားကာ ဆုတ်ခွာခဲ့ရကြောင်း၊ အင်တာ နက်လိုင်း၊ ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ် ကြောင်း ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GTF)က ထုတ်ပြန်ထားသည်။

“တိုက်ပွဲကလည်း မပြီးသေးဘူး၊ နိုဝင်ဘာလ ၂၆ ရက်နေ့က စပြီး တောင်တွင်းချောင်ဒေသဘက်မှာ ဖြစ်နေတာ။ အရင်ဆုံးတိုက်တာက ကျော်ရွာက ပျူ‌စောထီးတွေကို စတိုက်ခဲ့တယ်၊အခုကြာပင်စခန်း ခွေးသေစာရင်းကလည်း မသိရသေးဘူး။ ဖုန်းဆက်သွယ်လို့မရတော့တဲ့အတွက်တဲ့အတွက်ကြောင့်ပါ၊” ဟု ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GTF)မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

မင်းကင်းမြို့နယ်၊ ကြာပင်ရွာရဲစခန်းနှင့် ဒလင်ဂေါဂိတ်အနီးနေထိုင်သော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေထိုင်ကြရန်၊ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ပါက နောက်ဆုတ်မည်မဟုတ်ပဲ တိုက်ခိုက်သွားမည်ဖြစ်သဖြင့် အထူးမေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထား သည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၂ ရွှေတြိဂံပြည်သူ့ကာကွယ်တပ်ရင်းGTF၊ တပ်ခွဲ ၁ IRF ၊ တပ်ခွဲ ၂ ယက္ခညီနောင် ၊ တပ်ခွဲ ၅ Eagle Freedoom Fighter၊ တပ်ခွဲ ၆ တိမ်ပျံပျောက်ကြား တပ်ဖွဲ့၊ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ရင်း၊ SBTF၊ Eagle Defence Force ၊ရွှေသမင်မုဆိုး Local TD PDF၊ တောင်တွင်းဗိုလ်ချုပ်သွေး၊ တောင်တွင်းနဂါးပကဖတပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စစ်ကိုင်တိုင်း၊ အရာတော်မြို့နယ်တွင် မနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့လည် ၁၂ နာရီကျော်ခန့်က အ ကြမ်းဖက်စစ်စစ်ကောင်စီတပ်သား တပ်ကြပ်တစ်ဦးက တပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်း ရင်းမြစ်က ရန် ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။

အရာတော်မြို့၊ အမှတ် ၂ ရပ်ကွက်၊ စေတနာဖြူစင် ဇရပ်နားတွင် ဂိတ်ဖွင့်ကာ လက်နက်ပြခြိမ်းခြောက် ပြီး ခရီးသွား ပြည်သူလူထုထံမှ မတရားငွေကြေးကောက်ခံနေသော အကြမ်းဖက်စစ်သား အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းကို အသိပေးခြင်းမရှိပဲ ထိန်ချန်ထားသည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရကြောင်း အရာတော်ပို့စ်က ရေးသားထားသည်။

“တပ်ကြပ်က ပစ်လို့ တပ်သားသေတာ၊ တပ်ကြပ်က အခုအေးဆေးပဲ၊ အထက်လူကြီးနဲ့ ပိုင်လို့ဖြစ်မယ်၊ ဘာကြောင့်ပစ်တာရယ်လို့တော့ အတိအကျမသိရသေးဘူး။ စားခွက်လုရင်းဖြစ်တဲ့ပြသနာလို့ သိရတယ်၊ ဂိတ်ကနေ တားပြီး ရသမျှ ဝေစု မတည့်တာကနေ အချင်းချင်း ဆော်ကြတဲ့ သဘောပါပဲ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article