ရန်ကုန်၊ ဒီဇင်ဘာ ၁၈
အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ ဒေသခံပြည်သူလူထုများ အတူပူးပေါင်းကာ “ဖက်ဆစ်ယန္တရားကို ဖြိုဖျက် ပြည်သူ့ယန္တရားကိုတည်ဆောက်”၊ “တရားမဝင်တဲ့ ရွေးကောက်ပွဲလူထုအားနဲ့ တိုက်ဖျက်ကြ” စသည့်ဘန်နာစာတန်းများကိုင်ဆွဲကာ မုံရွာမြို့ ဈေးတစ်နေရာတွင် အကြမ်းမဖက်လူထုလှုပ်ရှားမှုတစ်ခုကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။