32 C
Yangon

ရန်ကုန်မင်္ဂလာဒုံ ၈၂ တပ်အနီးနှင့်သာကေတတို့တွင် ဗုံးပေါက်ကွဲ၊ မန္တလေး စည်ပင်အရာရှိအိမ်ရာအနီးတွင် ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၈၂ တပ်အနီးနှင့်သာကေတမြို့နယ်တို့တွင် ယနေ့ ဗုံးပေါက်ကွဲပြီး မန္တလေး စည်ပင်အရာရှိအိမ်ရာအနီးတွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၇ နာရီ ၁၇ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ် အမှတ်၈၂ တပ်အနီး ဗုံးပေါက်ကွဲပြီး အကြမ်းဖက် စစ်တပ်က ရမ်းသမ်းပစ်ခတ်ကြောင်း၊ သေနတ်သံ ၁၀ ချက် ဝန်းကျင်ကြားရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ လူနေရပ်ကွက်နှင့်ကျေးရွာများကို ဧည့်စာရင်းစစ်လျက်ရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်တာကြောင့် အထိခိုက်ရှိ၊ မရှိတော့ မသိရသေးဘူးဗျ။ လေးဒေါင့်ကန်စံပြကျေးရွာ ၊ ရွှေနံသာစံပြကျေးရွာတွေမှာ ဧည်စာရင်းစစ်မယ်လို့တော့သိရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြိုနယ်၊ ၁၀၊ တောင် ၁၂ ရပ်ကွက်၊ ဇေယျဝတီလမ်းနှင့် ဇေယျဝတီ ၁ လမ်းဆုံ၌ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၆ နာရီခန့်က လက်ပစ်ဗုံး ပေါက်ကွဲခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မန္တလေးတွင်မူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၉ နာရီအချိန် ၃၆ လမ်း ၆၉လမ်းထိပ် စည်ပင်အရာရှိအိမ်ရာလမ်းဒေါင့်တွင် ဗုံးပေါက်ကွဲကြောင်း၊ ယခင်ရက်များကလည်း ၃၆×၇၀လမ်းဒေါင့်တွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

“သူတို့(စည်ပင်ဝန်ထမ်းများ)က ၃၆လမ်းကိုဖြတ်သန်းခွင့်မပေးဘဲလမ်းကိုပိတ်ဆို့ထားပါတယ်။ လမ်းကိုသံတံခါးလုပ်ပြီးပိတ်ဖို့ လမ်းပေါ်ကိုမြေကျင်းတူးနေကြပါတယ်။ ပြည်သူတွေက ၃၆လမ်းကလာမရဘဲ ၃၆(A)လမ်း (လမ်းကျဥ်း)မှာသာသွားလာရပါတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဗုံးပေါက်ကွဲမှုကြောင့် ယခုည ပိတ်ဆို့ထားသော မန္တလေးစည်ပင်အရာရှိအိမ်ရာ လမ်းထောင့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article