34 C
Yangon

အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးရှိ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာသို့ လှူဒါန်း

Must read

အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးရှိ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာသို့ လှူဒါန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အညာပစ်တိုင်းထောင်လေးများအဖွဲ့က

ဆားလင်းကြီးမြို့နယ် မီးရှို့ခံကျေးရွာတစ်ရွာရှိ အိမ်ခြေ ၁၂၈ အိမ်ကို တစ်အိမ်ထောင်လျှင် ဒယ်အိုး ၁လုံး၊ ဒန်အိုး ၁လုံး၊ ဇလုံ ၂လုံး၊ ဇွန်း ၃ချောင်း၊ ဆန် ၂ပြည်၊ ဖလား ၁လုံး လှူဒါန်း ကြသည်။

“ကျွန်တော်တို့အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ယုတ်မာမှုတွေကိုနေ့စဉ်မြင်တွေ့ရပါတယ်။အဲ့အထဲမှာဆားလင်းကြီးမြို့နယ်ဟာဆိုရင်လည်း စကစရဲ့ ယုတ်မာမှုကို အများဆုံးခံရတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မီးရှို့ခံလိုက်ရတဲ့ ကျေးရွာတွေကို တတ်နိုင်သလောက် ကူညီပေးနေတာပါ။ ပြည်တွင်းပြည်ပက အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး ကျွန်တော်တို့ကိုယ်တိုင် မြေပြင်ထိသွားရောက်လှူဒါန်းတာပါ။ ကျွန်တော်တို့မှာ ပြည်သူမှာ ပြည်သူပဲရှိပါတယ်။ အချင်းချင်း ကူညီပေးကြပါ။ အခု မီးရှို့ခံလိုက်ရတဲ့ကျေးရွာမှာဆိုရင် အိမ်အသုံးအဆောင် ဘာမှမရလိုက်ပါဘူး။အကုန်မီးထဲပါသွားတာပါ။ ပြည်သူမှာလိုအပ်ချက်တွေ အများကြီးရှိပါတယ်။ဆက်လက်လှူဒါန်းနိုင်ဖို့ ကျွန်တော်တို့အညာပစ်တိုင်းထောင်လေးများအဖွဲ့ကိုလည်း ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့လှူဒါန်းပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟုအညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article