အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “နှစ်သစ်ကိုလည်းကြို ဖက်ဆစ်ကိုလည်းဖြိုကြ။ ကျန်းမာဘေးကင်းအောင်နေကြ။ ဖက်ဆစ်တပ်ကို အတူဖြိုဖို့အားမွေးကြ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။